Supporting Details

Essay ရေးတတ်ဖို့ (၈)

(Supporting Details အထောက်အကူဝါကျတွေ အကြောင်း)


Essay ရေးတတ်ဖို့ thesis statment, paragraph, topic sentence, supporting details....စသည်တို့ အတွက် ရေးနည်းတွေ သိထားသင့်တာတွေ အရင် post တွေမှာ ရေးခဲ့ပါပြီ။ Writing တန်းတစ်ခု လာသင်တဲ့ သင်တန်းသားတစ်ယောက်က သင်ရတာ အတော်အားရ အတွေးတည့် အရေးတည့် အတတ်မြန်တော့ မေးကြည့်တယ်။ အရင်သင်ဘူးတာလားဗျာ့ ဆိုတော့ ... ဆရာ့ EduBurma post လေးတွေ ဖတ်ပြီး သိထားတာပါပြောတယ်။


 သင်တန်းမတတ်ဖြစ်ပေမယ့် post လေးတွေက လည်း အထောက်အကူရတယ်... များများ ရေးပေးပါတဲ့။ ကြိုးစားပါ့မယ်။

ဒီတစ်ခါတော့ မကြာခဏ ကြုံရတဲ့ ပြဿနာလေးတစ်ခုကို ဆွေးနွေးပါ့မယ်။

 

စာစီစာကုံးမှာ thesis statement ကို  topic sentences တွေက ခိုင်မာအောင် ထောက်ပံ့တယ်။ စာပိုဒ် တစ်ခု စီမှာလည်း  topic sentences တွေကိုတော့ supporting details ‌တွေက ခိုင်မာအောင် ထောက်ပံ့ပေးတယ်။ ဒါကြောင့် ဘယ်အချက်တစ်ခုကို ပဲပြောပြော ခိုင်မာ ဆီလျှော်တဲ့ သက်သေ သာဓက အထောက်အထား ဥပမာ နဲ့ ပြောတတ် ဖို့လိုတာပေါ့။

 topic sentence မှာ တစ်ခုခုပြောလိုက်ပြီဆိုတာနဲ့ supporting ပေးရတော့မယ်။ ကိုယ်ပေးတဲ့ supporting မှာ လိုနေတာမျိုးလည်း မဖြစ်စေရသလို၊ လိုတာထက်ပို ပြီး ဖောင်းပွစွာ ရှင်းပြရင်း မဆိုင်တာတွေ ပါနေလို့လည်း မရဘူး။

 

(က) မဆိုင်တာတွေ ပါနေလို့ မရ

အောက်က ဥပမာ တစ်ခုကို ကြည့်ကြစို့

Olive oil has a number of health benefits. ဆိုတာလေးက general statement ပေါ့လေ။ ဘာ benefits တွေလည်းဆိုတာကို  တိတိပပ specific examples/ supporting details ပေးကိုပေးရမှာပေါ့။  ဘာတွေ ပေးမလဲ ဆို တွေးရင်း စာကြောင်းသုံး'ကြောင်း ရေးဖို့ ကြံမိတယ်ဆိုပါစို့...

It has important vitamins that are good for your body.

People who use olive oil regularly may be less likely to get some diseases.

Olive oil is full of flavour and smells nice too.

နောက်ဆုံးတစ်ကြောင်းကလည်း မဆိုးပါဘူး ဆိုပြီး မထည့်လိုက်လေနဲ့ သူက olive oil နဲ့ပဲ ဆိုင်တာ သူ့  health benefit နဲ့ မ ဆိုင်ဘူးလေ... health benefit နဲ့ ဆိုင်တာကို ဆက်စဉ်းစားရမယ်။ မဆိုင်တာ ထည့်မိရင် ကိုယ့် စာပိုဒ်က irrelavent idea/ irrelavent supporting တွေ ပါနေတော့မှာလေ။ ကျစ်လစ်ဆီလျှော်မှုမဲ့ပြီ။


(ခ) ဘာအချက်ပဲပြောပြော ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ်နဲ့ supporting တစ်ဆင့်၊ example တစ်ဆင့်လောက် ပါပလေ့စေ....


အဲဒီတော့ ရေးမယ်စဉ်းစားထားတဲ့ It has important vitamins that are good for your body. ဆိုတာလေးက သူ့ချည်းသာဆို ငုတ်စိလေးဖြစ်နေမယ် နည်းနည်းတော့ ထည့်ရမယ်။

Olive oil, abundant in vitamins E and K, contributes significantly to overall health by supporting skin and hair health, and promoting proper blood clotting and bone strength, making it a vital source of essential nutrients for a healthy lifestyle.

 

ထိုနည်းတူစွာပေါ့ supporting အတွက်လည်း ဆက်ပြီး ပြည့်စုံတဲ့ supporting ဖြစ်အောင် ထပ်ဆင့် support လေးတွေ reason အဖြစ်ထည့်ကြည့်မယ်။

 People who use olive oil regularly may be less likely to get some diseases. ကဲ ဘယ်လို ပြည့်စုံအောင်လုပ်မလဲ။

 

People who use olive oil regularly may be less likely to get some diseases, thanks to its high concentration of monounsaturated fats, antioxidants, and anti-inflammatory properties.

 

အဓိက အချက်ကတော့ supporitng က ခိုင်မာ ဆီလျှော်ရမယ်။ လိုတာလည်း မဖြစ်သင့် သလို မဆိုင်တာတွေလည်း ပယ်ခဲ့ ရမယ်။ ဒါ အဓိက သိပ်ကျတယ်။

 

ဒီနေရာမှာ formal ပိုကျအောင်ပါ ပိုကျစ်လစ်အောင်ပါ ပြောင်းသွား ထပ်ထည့် သွားတော့ ခက်တယ် ထင်ကောင်း ထင်မယ်။ အဲလို လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ တကယ်တော့  မိမိတို့  language level, vocab, grammar နိုင်သလို သုံးပြီး ရေးနိုင်ပါတယ်။ specific and relavant examples and supporting ပေးနိုင်ဖို့က လိုရင်းနော်။

 

အနှစ်ချုပ်ပြန်ပြောရရင်

၁။ ဘယ်အချက်ကို ပဲ အဆိုပြုပြု relevant supporting and examples ပါရမယ်။

၂။ topic နဲ့ မဆိုင်တာ မထည့်ရဘူး....

 

ဆက်လက်မျှ‌ဝေပါ့မယ်။

ပွင့်သောပန်းတိုင်း လန်းပါစေသား

မေတ္တာဖြင့်

ရန်နိုင်စိုးညွန့်