Input-Output Hypotheses
Input Vs Output Hypotheses တွေနဲ့ Feedback
သင်ကြားခြင်းနဲ့သင်ယူခြင်းပိုမိုထိရောက်စေဖို့
ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ သုတေသီတို့ ပြောစကားများ (၅)
Input Vs Output Hypotheses တွေနဲ့ Feedback အကြောင်း
ဘာသာစကားသင်ကြားရေးမှာ သီအိုရီအမျိုးမျိုး ရှု့ထောင့် အမျိုးမျိုးကနေ ကြည့်လို့ အကျိုးရှိအောင် အသုံးချနိုင်မယ့်အချက်တွေအကြောင်း ဆောင်းပါးတွေ ရေးသားတင်ပြခဲ့ တာ ငါးခုမြောက်ရှိပါပြီ။ ဒီတစ်ပတ်မှာတော့ ဘာသာစကားသင်ကြားရေးကို ဆန့်ကျင်ဘက်ကနေ ရှုမြင်ကြတဲ့ Krashen's Input Hypothesis နဲ့ Swain's Output Hypothesis အမြင်နှစ်ခုကို နှိုင်းယှဉ်လေ့လာကာ အကျိုးရှိစေမယ့် အတန်းတွင်းလုပ်ဆောင်စရာတွေကို နှစ်ဖက်စလုံးဆီက ထုတ်နှုတ် ဆွေးနွေးမှာ ဖြစ်ပါတယ်။
(၁) Input လား၊ Output လား
Krashen's Input Hypothesis (1982) ရဲ့ အမြင်ကိုပြောရရင် “သင်ယူသူတွေဟာ လက်ရှိ တတ်ထားတဲ့ ဘာသာစကား Level ထက် အနည်းငယ်ပိုတဲ့ Listening+Reading အသွင်း (Input) တွေ ရရှိခြင်းအားဖြင့် ဘာသာစကားတတ်မြောက်အောင်သင်နိုင်ကြတယ်” လို့ ဆိုပါတယ်။
Swain's Output Hypothesis (1985) ရဲ့ အမြင်ကတော့ သင်ယူသူတွေရဲ့ လေ့လာနေတဲ့ ဘာသာစကားကို သုံးတာ Speaking+Writing အထုတ် (Output) လုပ်ခြင်းဟာ ဘာသာစကားတတ်မြောက်အောင်သင်နိုင်စေဖို့ အဓိက ကျတယ်” ဆိုတဲ့ အမြင်ပါ။
(၂) အလိုလိုတတ်လာသလား၊ သင်ပေးနေရတာလား
Krashen ကတော့ သင့်တော်ပြည့်စုံတဲ့ comprehensive Input သာရနေရင် ဘာသာစကား တတ်မြောက်ခြင်းဟာ သူ့ သဘာဝအတိုင်း သတိထားမိစရာကို မလိုပဲ ဖြစ်ပေါ်နေမှာ လို့ဆိုတယ်။ Feedback (ပြန်လည်သုံးသပ်မှု) ရခြင်းကတော့ သူ့ အမြင်မှာ သိပ် အရေးပါတဲ့ အနေနဲ့ တင်ပြတာမတွေ့ရဘူး။
Swain ကတော့ တကယ်တတ်ဖို့ ဆိုရင် ဘာသာစကားကို သုံးပြီး ပြောနေ ရေးနေ ထုတ်လုပ်နေ ဖို့ အရေးကြီးတယ်။ ရည်ရွယ်ချက်တစ်ခုအတွက် သူထုတ်လုပ်ထားတဲ့ အရာ (အပြော+အရေး) တွေဟာ တူညီတဲ့အခြေအနေမှာ native speaker တစ်ယောက်ပြောမှာ ရေးမှာနဲ့ ဘာကွာနေသေးလဲ အမြဲ သတိထားမိအောင် ပြပြပြီးတော့ Feedback ပေးတာ လိုအပ်တယ်။ သူ့ စာသားအတိုင်းပြော ရရင် “Notice the gaps. “ ဘာကွာလဲ သိစေရမယ်။ အဲ့တာမှ တတ်မြောက်မယ်လို့ ဆိုတယ်။
(၃) ပြန်သုံးသပ်ချက်ပေးတာ (feedback) လိုမလို
Krashen ကတော့ ပြန်သုံးသပ်ပေးတာကို သိပ်အာရုံမပြုဘူး။ရရှိစေရမယ့် ဘာသာစကားအထိအတွေ့ကသာ ပဓာန။ input ဖြစ်တဲ့ listening+reading တွေသာ သူ့Level ထက် အနည်းငယ်လေးပိုတဲ့ Comprehensive input i+1 ဖြစ်ရင် အဆင်ပြေပြီ ဆိုပါတယ်။
Swain ကတော့ သိသာမြင်သာတဲ့ ပြန်လည်သုံးသပ်ချက်ကို ရဖို့ သိပ်အရေးပါတယ်ဆိုတယ်။ ဒါမှသာ သူတို့ဟာ ဘာသာစကားအသုံးကို ပြင်ဆင်ပြီး တိုးတက်သွားမယ်၊ ပိုမိုနားလည်သွားမယ် လို့ မြင်တယ်။
Synthesis and Application in Language Classrooms
အတန်းထဲ တကယ်သင်ရင် နှစ်ယောက်စလုံး နှစ်ဖက်အမြင်ကို သုံးရတယ်။
Krashenနဲ့ Swain တို့ hypotheses နှစ်ခုစလုံးက တင်ပြချက်တွေကို မျှမျှတတ သုံးပြီး သင်ရင် အကျိုးများတာပေါ့။ သင်ရိုးကို က Comprehensive input ဖြစ်တဲ့ listening နဲ့ reading တွေပါဝင် ပြည့်စုံရမယ်။ (level မှန်ဖြစ်ရမယ်) ပြီးတော့ အရေးအပြော output ပါရမယ်။ listening နဲ့ reading လာပြီးတိုင်းလည်း အဲဒီ input အပေါ် အခြေပြုတဲ့ speaking+writing အမြဲပါသင့်တယ်။ သူတို့ ပြောတာ ရေးတာ ထုတ်လုပ်တာတွေ အတွက် ပြန်လည် သုံးသပ်ချက်လည်း ရသင့်တယ်။ အဲ့လိုဆို ကျောင်းသားတွေ အများကြီး တိုးတက်တာ မြန်မှာ သေချာပါတယ်။
Feedback ဆိုတာ
Swain ရဲ့ hypothesis မှာ ပါတဲ့ Feedback အရေးကြီးတယ်ဆိုတဲ့ အချက်ဟာ အခြား သုတေသီများစွာ ရဲ့ ဆွေးနွေးမှုများမှာ လည်းပါဝင်တဲ့ အချက်ဖြစ်တယ်။ ဥပမာပြောရရင် Sociocultural Theory (Vygotsky, 1978), နဲ့ Interaction Hypothesis (Long, 1983, 1996) တို့မှာလည်း Feedback အရေးပါမှုကို ရှုထောင့် ကိုယ်စီနဲ့ ဆွေးနွေးထားကြတယ်။ ဒါကြောင့် Feedback အကြောင်းကိုပါ ဆက်လက် တင်ပြပါရစေ။
Feedback ဆိုတာ သင်ယူသူရဲ့ လုပ်ဆောင်ချက် (performances) တွေနဲ့ ပတ်သက်ပြီး အားနည်းချက်၊အားသာချက်၊ပြုပြင်သင့်တဲ့ အချက် စသည်ကို ပြန်လည် သုံးသပ်ပေးခြင်းဖြစ်ပါတယ်။ သို့သော် Feedback ကို သင်ယူသူဟာ မတူတဲ့ ရင်းမြစ်တွေကနေရနိုင်တယ်။ ဆရာ၊ကျောင်းသားအချင်းချင်း၊ စာအုပ်၊ မိဘ၊ အတွေ့အကြုံ၊ (ယနေ့ခေတ် ဆို) AI Language model တွေ online discussion, comment တွေ အပါအဝင်၊ မိမိကိုယ်တိုင်ဆီကလည်း ရရှိနိုင်တယ်။ ထိရောက်တဲ့ သုံးသပ်ချက် Feedback များဟာ သင်ယူသူကို သင်ယူရာမှာ များစွာ တိုးတက်မှု ဖြစ်စေတယ်။ Hattie and Timperley (2007)
ထိရောက်တဲ့ သုံးသပ်ပေးမှု (Effective Feedback) ဆိုတာ အောက်ပါ အချက်တွေ ကို ဖြစ်စေနိုင်တယ်။
(က) Promotes Reflective Learning: မိမိကိုယ်ကို ဆင်ခြင်သုံးသပ်မှုပြုရင်း သင်ယူတတ်စေတယ်။
(ခ) Enhances Motivation: သူတို့ရဲ့ အားထုတ်မှု ၊ တိုးတက်မှုတွေ အပေါ် အပြုသဘောဆောင်တဲ့ အလုပ်ဖြစ်တဲ့ သုံးသပ်ချက်ရခြင်းဟာ ကိုယ်တိုင်လိုလား အားထုတ်မှု Motivation ကောင်းလာစေတယ်။
(ဂ) Facilitates Error Correction: သိသင့်တာ တစ်ခုခု ကို မသိလို့မှားတဲ့ အမှား (Error), သိပေမယ့် ကျင့်သားမရ၊ သတိလွတ်လို့မှားတဲ့ အမှား (Mistakes) တွေက ဘာလဲ သေချာသိ လို့ မှန်ကန်တိကျအမှားကင်းအောင် ကြိုးစားရာမှာ အထောက်အကူပြုတယ်။
(ဃ) Guides Instruction: Feedback ပေးခြင်းက ကျောင်းသားကိုသာမက ဆရာကိုလည်း ကျောင်းသားလိုအပ်ချက်ကို ပိုမို နားလည်စေလို့ သင်ကြားရေး အတွက် လမ်းပြသဖွယ် အထောက်အကူရစေပြန်တယ်။
Feedback အမျိုးမျိုး
(I) Formative vs. Summative Feedback (သင်နေတုန်းလိုအပ်သလို သုံးသပ်တာနဲ့ အကုန်ပြီးမှ ခြုံငုံသုံးသပ်ပေးတာ)
Formative Feedback
သင်နေတုန်းမှာပဲ လိုအပ်တာတွေကို သုံးသပ်ပေးခြင်း Formative Feedback ဟာ ကျောင်းသားတွေ လတ်တလော ဆောင်ရွက်ဆဲ လုပ်ဆောင်ချက် တစ်ခုခု မှာ တိုးတက်မှုပိုရှိအောင် ကူညီတယ်။ ဥပမာ Essay တစ်ပုဒ်လုံးပြီးမှ မပြပဲ Essay Outline သို့ မဟုတ် Gist ကို အရင်ကြည့်ပြီး အကြံပြုတာမျိုးပေါ့။ Group Work တွေ လုပ်နေစဥ် အတန်းထဲ မှာ Group လေးတွေကို လိုက်ကြည့် သုံးသပ်အကြံပေးတာမျိုးလည်းပါတယ်။
Summative Feedback
အကုန်ပြီးမှ ခြုံငုံသုံးသပ်ပေးခြင်း Summative Feedback တော့ သင်ယူခြင်းတစ်ခုအပြီးမှာ လိုအပ်ချက်တွေ၊ အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ပေးတာ ဖြစ်တယ်။ Essay တစ်ပုဒ်လုံး အပြီးမှာ နိဒါန်းလေးက ဘာလိုသွားတယ်၊ အချိတ်အဆက်လေး ဘယ်လိုဖြစ်သွားတယ် စသည်ဖြင့် သုံးသပ်ပေးတာပေါ့။ Group Work presentation တွေ အပြီး အဖွဲ့ လိုက် အတွက် သုံးသပ်ချက်လေးတွေ လည်း Summative Feedback ထဲပါတာပေါ့။
(II) Corrective vs. Descriptive Feedback (အမှားပြင်ပေးတာနဲ့ ဘာလိုနေသလဲ ရှင်းပြတာ)
Corrective Feedback
အမှားပြင်ပေးတာ Corrective Feedback က အမှားကိုတိုက်ရိုက် ပြင်ဆင်ပေးပြီး အမှန်ကို ပြောပြလိုက်တာမျိုးဖြစ်တယ်။ ဥပမာ ဆရာ က ကျောင်းသားကို What does your mom do? အလုပ်အကိုင်ကိုမေးတယ်။ ကျောင်းသားက My mom does as a doctor. လို့ ပုံစံမှားဖြေတာကို My mom is a doctor. လို့ ရွတ်ပြရင်း ပြင်ပေးလိုက်တယ်။ ပြီးရင် သူ့ကို လေ့ကျင့်ပေးတဲ့ အနေနဲ့ What does your mom do? လို့ ပြန်မေးတယ်။ ဒါမျိုးပေါ့။
Descriptive Feedback
ဘာလိုနေလဲ ရှင်းပြခြင်း Descriptive Feedback ကတော့ ကျောင်းသားရဲ့ အရေးအပြောတွေ မှာ ဘယ်အချက် လိုနေကြောင်း ရှင်းပြပေးတာ ဖြစ်တယ်။ ဥပမာ “ An unforgettable trip “ ခေါင်းစဥ်နဲ့ Essay မှာ Past tense သုံးရမယ့်နေရာတွေကို Present tense သုံးမိနေတာ ကို past tense ကို သုံးရမှာ ဖြစ်ကြောင်းရှင်းပြတာ၊ past tense သုံးပါလျက်နဲ့ ed မထည့်ရတဲ့ irregular verb တွေကို ထည့်မိနေတာတွေ့လို့ irregular past simple လေးတွေ ပြန်လေ့လာသင့်ကြောင်း အကြံပြုတာမျိုးပေါ့။
(III) Immediate vs. Delayed Feedback (ချက်ချင်းပြင်ပေးတာ နဲ့ စောင့်ပြီး ပြင်ပေးတာ)
Immediate Feedback
ချက်ခြင်းသုံးသပ်မှုပေးခြင်း Immediate Feedback ဟာ ကျောင်းသားသင်ယူနေစဥ် ဆောင်ရွက်နေစဥ် ချက်ခြင်း ထောက်ပေးလိုက်တာ ဖြစ်တယ်။ Speaking ပြောနေတုန်း မှားတာကို ချက်ချင်းပြင်ပေးတာပေါ့။
Delayed Feedback
စောင့်ပြီး သုံးသပ်မှုပေးခြင်း Delayed Feedback ကတော့ သူအေးဆေးသုံးသပ်နိုင်ဖို့ ၊မေ့လောက်ချိန် ပြန်မှတ်မိစေဖို့ အချိန်တစ်ခုစောင့်ပြီးမှ သုံးသပ်ချက်ပေးတာဖြစ်တယ်။ ရေးခဲ့ တဲ့ Essay တွေ အတွက် Feedback ကို တစ်ပတ်လောက်ကြာမှ ပေးတာပေါ့။
Feedback အမျိုးမျိုး သုံးရတယ်။
အထက်ပါ တင်ပြခဲ့ တဲ့ Feedback အမျိုးမျိုးကို ဆရာတွေအနေနဲ့ သင်ယူသူ လိုအပ်ချက်အပေါ်မူတည်ကာ သင့်တော်သလို သုံးသပ်ပေးကြရပါတယ်။ သို့သော် သင်ယူသူကို ဆရာ့ထံမှ Feedback သာမက အခြား ရင်းမြစ်များက Feedback များကို လည်း ရယူစေမယ်ဆို ပိုလို့ အကျိုးရှိစေတတ်ပါတယ်။
နောက်တစ်ချက်ကတော့ Feedback ပေးရာမှာ ဟမ်ဘာဂါလေးလို ဖြစ်ဖို့ပါ။ ကောင်းတဲ့ အားထုတ်မှု၊ တိုးတက် မှုကို ချီးမွမ်း တာနဲ့စ ၊ စိတ်မဆင်းရဲစေပဲ လိုအပ်တာလေးတွေ ရှင်းရှင်းသိအောင်ပြောပြ ...ပြီးရင် အားပေးစကားနဲ့ စိတ်ခွန်အားလေးပေးပြီးပိတ်ပေါ့။
Peer Review Sessions (Descriptive Feedback): ကျောင်းသားအချင်းချင်း ဘာလိုနေလဲ သုံးသပ်ပေးစေခြင်း
ကျောင်းသားတွေ Assignment, Essay စသည် ဆရာဆီ မတင်ခင် အချင်းချင်း လဲလှယ် Feedback ပေးကာ လိုအပ်နေတာလေးတွေ ကို ဆွေးနွေးစေသင့်ပါတယ်။ ဒါဟာ သူတို့ရဲ့ Critical thinking ကို ကောင်းစေသလို ယှဉ်ပြိုင် အနိုင်လု ရမည့် အစား ပူးပေါင်းဆောင်ရွက်တတ်တာမျိုး လို အခြားအကျိုးကျေးဇူးတွေ ရပါတယ်။
နည်းပညာသုံးကာ ချက်ခြင်း Feedback ရယူတတ်အောင်ဆောင်ရွက်ခြင်း
ယနေ့ခေတ် ဆရာဆရာမတွေအတွက် Google Form, Microsoft Form တွေ မှာ quiz တွေ လုပ်ပြီး လေ့ကျင့်ခိုင်းတဲ့ အခါ အဖြေထည့်သွင်းရမှာ Feedback ပါ ပေးထားလို့ ရတဲ့ Function တွေ ရှိတယ်။ စမ်းသုံးကြည့်သင့်ပါတယ်။ DETready လို website မှာ Writing/Speaking လေ့ကျင့်ရင် AI က feedback ပေးတာ ၊ Grammarly သုံးတတ်အောင်သင်ပေးတာ ၊ Microsoft Editor သုံးတတ်အောင်သင်ပေးတာတွေ လည်း ရှိတယ်။
Essay ကို Google ရဲ့ Gemini AI မှာ Give me feedback for my essay focusing on grammar, organization စသည်လောက်ရေးရုံနဲ့ Feedback တွေ Suggestion တွေ အမျိုးမျိုး ရနိုင်တာ တွေကို သင်ပေးသင့်ပါတယ်။ သူတို့ ဟာ သူတို့ AI က ရထားတဲ့ Feedback များနဲ့ ကိုယ့် Feedback ပေါင်းတဲ့ အခါ သူတို့ ပို မြင်သွားကြလေ့ရှိပါတယ်။
ဒါကတော့ Input Vs Output Hypotheses တွေနဲ့ Feedback အမျိုးမျိုး အကြောင်း ပေါ့။ အမြင်မတူတာတွေ စုစည်းလိုက်တဲ့ အခါ သိပ်ကို အကျိုးရှိလာတာကို လည်း သတိပြုမိကြမယ်ထင်ပါတယ်။ တင်ပြခဲ့သမျ အနှစ်ချုပ် ပြန်ဆွေးနွေးရမယ် ဆိုရင်_
(၁)Listening/Reading input တွေဟာ ( i+1) ဖြစ်ရမယ်။ ကျောင်းသား level ထက်အနည်းငယ်လေးမြင့်ရမယ်။
(၂) Speaking/Writing output skills တွေအမြဲပါရမယ်။ Feedback လည်း အမြဲပေးသင့်တယ်။
(၃) Feedback အမျိုးမျိုးကို သင့်တော်သလိုပေးတတ်ရမယ်။
(၄) Peer feedback, Immediate Feedback Technology နဲ့ AI Feedback တွေ လည်းသုံးရင် အကျိုးရှိတယ်။
ဒီလောက်ဆို မှတ်မိလွယ်ပြီ ထင်ပါတယ်။ နောက်ထပ် ဆောင်းပါးတွေ ဆက်ရေးနိုင်ဖို့ ကြိုးစားပါဦးမယ်။
ခင်စန္ဒာဝင်း (EduBurma) နှင့် ရန်နိုင်စိုးညွန့် (EduBurma) တို့ ပူးပေါင်းတင်ဆက်ပါသည်။
References
Krashen, S. (1982). Principles and Practice in Second Language Acquisition. Pergamon Press.
Swain, M. (1985). "Communicative Competence: Some Roles of Comprehensible Input and Comprehensible
Hattie, J., & Timperley, H. (2007). The Power of Feedback. Review of Educational Research, 77(1), 81-112.
Vygotsky, L. (1978). Mind in Society: The Development of Higher Psychological Processes. Harvard University Press.
ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ Psycholinguistics Article များ Link
Nativism
Behaviourism
Cognitivism
https://m.facebook.com/story.php?story_fbid=412659594662997&id=100077568789254&mibextid=Nif5oz
Constuctivism
Academic English ဆိုင်ရာ ဆောင်းပါးများ
What is Academic Essay
Academic ရေးဟန် (၁)
Essay ရေးနည်းလမ်းညွှန်ဆောင်းပါးပေါင်းချုပ်
#EduBurma #Psycholinguistics #TeachingandLearning #Language #EnglishLanguageTeachingMethodology #ELFSite.com