Cognitivism
သင်ကြားခြင်းနဲ့သင်ယူခြင်းပိုမိုထိရောက်စေဖို့
ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ သုတေသီတို့ ပြောစကားများ (၃)
Cognitivism
အရင် တစ်ခေါက်ကတော့ Behaviourism ကိုဆွေးနွေးခဲ့ပါတယ်။ သင်ယူခြင်းလုပ်ငန်းစဥ် ကို လှုံ့ဆော်မှု stimuli အပေါ် တုန့်ပြန်မှု response ပြုခြင်း၊ အလေ့အထဖြစ်ခြင်းအနေ နဲ့ Behaviourism က မြင်တယ်။ အဲ့ဒီရှုထောင့်ကနေ ကြည့်ပြီး အသုံးဝင်မယ့် နည်းနာတွေ Behaviourism က ပြောပေးထားတာကို တင်ပြခဲ့ပါပြီ။
ဒီတစ်ပတ်မှာတော့ (ဘာသာစကားအပါဝင်) သင်ကြားသင်ယူခြင်းကို Behaviourism ရဲ့ ဆန့်ကျင်ဘက် အခြားတစ်ဖက်ကနေ ရှုမြင်လေ့လာပြီး နည်းနာတွေ ပေးခဲ့တဲ့ Cognitivism အကြောင်း တူတူလေ့လာကြရအောင်နော်။
Cognitivism in Language Learning
Cognitivism ဆိုတာကို မြန်မာလို မပြောခင် ဒီသီအိုရီအရ သင်ယူခြင်းကို ဘယ်လိုရှုမြင်ကြသလဲ အရင်ကြည့်ကြမယ်။
“သင်ယူခြင်းဆိုတာ တွေးခေါ်စဥ်းစားခြင်း၊ ပြဿနာကို ဖြေရှင်းအဖြေရှာခြင်း၊ မှတ်သားခြင်း တွေပါတဲ့ စိတ်လုပ်ငန်းစဥ်တစ်ရပ်ဖြစ်တယ်” (Ormrod, 2016)
ပြီးတော့ သင်ကြားသင်ယူခြင်း မှာ အချက်အလက်တွေ၊အသိတွေ ဘယ်လိုရယူဖော်ထုတ်ပုံ+ ထိန်းသိမ်းမှတ်သားပုံတွေကို စိတ်လုပ်ငန်းစဥ်ရဲ့ လွှမ်းမိုးစေခိုင်းမှုရှိနေပုံကို လေ့လာဖို့လိုမယ်။ (Piaget, 1952).
ဒါက Cognitivism “သင်ယူခြင်းကို စိတ်အလုပ်လို့မြင်တဲ့ သီအိုရီ” ရဲ့ သင်ယူခြင်းကို ရှုမြင်ပုံဖြစ်တယ်။
သင်ယူခြင်းနဲ့ ပတ်သက်လာရင် Behaviourism က မြင်သာတဲ့ အမူအကျင့်တွေ၊ ပတ်ဝန်းကျင်အရေးပါမှု ကို သေချာလေ့လာချိန်၊ Cognitivism က စိတ်အလုပ်ကို သေချာလေ့လာတယ်ဆိုနိုင်တယ်။ Behaviourismရဲ့ လိုအပ်ချက်တွေကို ထပ်ဖြည့်ဆည်းတဲ့ ၂၀ ရာစုအလယ်ပိုင်းမှာ ထပ်ပေါ်တဲ့ သီအိုရီနဲ့ နည်းနာ လို့ ဖြည့်စွက်မှတ်နိုင်ပါတယ်။ ဘာသာစကားသင်ကြားသင်ယူခြင်းပိုမိုကောင်းမွန်စေဖို့ စိတ်ပညာရှင် Jean Piaget နဲ့ Ulric Neisser တို့ က စတင်ခဲ့ တဲ့ ဒီ Cognitivism ရဲ့အဓိက နိယာမ လေးခုကို လေ့လာကြပါစို့။ ဘာသာစကားသင်ကြားရေးမှာ Level မြင့်လေ Cognitivism က ပိုလိုလေပဲနော်။
(စကားမစပ်_ ဆရာဆရာမတွေ ပြောလေ့ရှိတာ ကြားဖူးမယ်ထင်တယ်။ “စာသင်တယ်ဆိုတာ...စိတ်ကို သင်တာနော်”တဲ့ အဲ့တာ Cognitivism ရှုထောင့်ကပြောတာပေါ့။ တချို့ကလည်းပြောကြတယ်လေ “ပတ်ဝန်းကျင်ကောင်းသိပ်အရေးကြီးတယ်တို့ ၊ ကျင့်သားရအောင်လုပ်တို့ဘာတို့” ဒါတွေက တော့ Behaviourism ဘက်ကကြည့်ပြောတာပေါ့...နောက် သီအိုရီတွေ လည်း ဆက်ရေးနိုင်အောင်ကြိုးစားပါ့မယ်။)
Cognitivism ရဲ့ အဓိက သင်ကြားသင်ယူရေး နိယာမ လေးခုက အောက်ပါတို့ ဖြစ်ပါတယ်။
(၁) Schema Theory - သင်လို့သိနားလည်လို့ ရတာမှန်သမျဟာ (အသိ/တတ်မြောက်မှု)အပိုင်းစလေးတွေ စုစုထားတဲ့ ပုံကြမ်းသရုပ်ဖော်ပုံသဖွယ် ဖြစ်တဲ့ schema လေးတွေ နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ (Bartlett, 1932).
(၂) Information Processing – ဦးနှောက် ရဲ့ သင်ယူခြင်းဆိုတာ ကွန်ပျူတာတစ်တစ်လုံးလိုပဲ သူ code နဲ့ သူ့ဟန် မှတ်၊ သိမ်းထားပြီး၊ လက်တွေ့ ပြန်ထုတ်သုံးပေးတာ လို့မြင်တယ်။ (Atkinson & Shiffrin, 1968).
(၃)Metacognition - ကိုယ့်တွေးပုံ၊စဥ်းစားပုံ၊စိတ်ထဲ ဘယ်လိုအလုပ်လုပ်သင်ယူနေသလဲ ဆိုတာတွေ ကို သိမြင်နားလည်ဆန်းစစ် နိုင်ခြင်း က သိပ်အရေးကြီးတယ်။ (Atkinson & Shiffrin, 1968).
(၄) Active Learning - သင်ယူသူဟာ ထိုင်နားထောင်နေရုံမဟုတ်၊ ကျင့်သားရအောင် သင်ပေးသူ က ခိုင်းတာလိုက်လုပ် နေရုံမဟုတ် _ တွေးနေမှတ်နေသူဖြစ်ရမယ်။ ဖန်တီးနိုင်သူဖြစ်လာရမယ်။(Bonwell & Eison, 1991)
* ဒီ နိယာမ တစ်ခုစီကို ပိုနားလည်နိုင်ဖို့ ဆောင်းပါးသီးသန့် လေးတွေနဲ့ တင်ပြချင်ပါသေးရဲ့။ သို့သော် အခုတော့ တစ်ခု ဆီရဲ့ အခြေခံ အချက်လေးတွေ ကို တူတူကြည့်ကြမယ်။
(၁) Schema Theory - သင်လို့သိနားလည်လို့ ရတာမှန်သမျဟာ (အသိ/တတ်မြောက်မှု)အပိုင်းစလေးတွေ စုစုထားတဲ့ ပုံကြမ်းသရုပ်ဖော်ပုံသဖွယ် ဖြစ်တဲ့ schema လေးတွေ နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။
ဥပမာ
• Scenario: စျေးသို့အလည်တစ်ခေါက် အကြောင်း စကားပြောတစ်ခုနားထောင်ရတဲ့ listening သင်ခန်းစာ
• Schemata : သင်ယူသူဟာ ဒီအကြောင်းအရာတစ်ခုလုံးကို နားလည်နိုင်ဖို့ သုံးရမယ့် အသိအပိုင်းအစ schemata တွေက ဝယ်တာ၊ရောင်းတာ၊ ရောင်းကုန်တွေက ဘာ ...စသည်ပေါ့၊ ဒါတွေကို သိမှ သူနားလည်မယ်...အသစ်ပါလာတာတွေကို တိုးချဲ့ထပ်သိမယ်။
ဘာသာစကား သင်ကြားရေး အပိုင်းမှာ ဆို Schema အသိအပိုင်းအစ တစ်ခုဆိုတာ အမျိုးမျိုး ရှိနိုင်တယ်။ cultural schema, social schema, self-schema, linguistics schema, စသည်စသည်ပေါ့။ အနှစ်ကတော့
ဆရာက ကျောင်းသားကို တစ်ခုခုသင်တော့မယ်ဆို သူဒါသိဖို့ ဘာလေးတွေ သိနေဖို့ လိုတယ်ဆိုတာ အမြဲဆန်းစစ်ရမယ်။ ဖြည့်ဆည်းရမယ်။ အဲတာကို ဆရာကြီး Piaget က Constructivism နဲ့ ထပ်ရှင်းပြတာ ဆောင်းပါး မကြာမီလာမည်နော်။
(2) Information Processing – ဦးနှောက် ရဲ့ သင်ယူခြင်းဆိုတာ ကွန်ပျူတာတစ်လုံးလိုပဲ သူ code နဲ့ သူ့ဟန် မှတ်၊ သိမ်းထားပြီး၊ လက်တွေ့ ပြန်ထုတ်သုံးပေးတာ လို့မြင်တယ်။ (Atkinson & Shiffrin, 1968).
အဲ့တော့ ဦးနှောက်က သင်ယူခြင်းမှာ အလုပ်လုပ်ပုံ (process) ကို နားလည်ရမယ်။ .
(က) Encoding Strategies
ကွန်ပျူတာက အချက်တွေကို 0/1 တွေအဖြစ် code လုပ်ယူ တယ်။ဘာသာစကား သင်ယူသူဦးနှောက်က သူ့ code အနေနဲ့ (အတိုကောက်၊ အနက်တူ-ဆန့်ကျင်ဘက်စသည် ဆက်စပ်တွေးတာ၊ ပုံဖော်ထားတာ၊ ဥပမာဝါကျဖွဲ့တာ ...စတဲ့) mnemonics မှတ်ဉာဏ်ကူတွေ သုံး ပြီး ယူတယ်။
(ခ) Enhancing Storage
ကွန်ပျူတာက RAM card က ယာယီမှတ် တွက်ချက်တာကို save နှိပ်မှ ROM Disk က အမြဲမှတ်တယ်။
အဲ့လိုပဲ ဦးနှောက်က သိလာတဲ့ short-term / working memory ကို ရေရှည်မှတ်မိ long term ထဲရောက်ဖို့ save လုပ်ပုံရှိတယ်။
• repetition ဖန်ဖန်ကျင့်၊
• spaced learning အချိန်ခွာ_ကြာရင်ပြန်ကျင့်၊
• လက်တွေ့သုံး... ဒီသုံးဆင့်လို့ အကြမ်းမှတ်နိုင်ပါတယ်။
(ဂ) Facilitating Retrieval
ကွန်ပျူတာမှာ defragment လုပ်လုပ်ပေးရင် မြန်တယ်၊ ဘာသာစကားသင်ကြားရေးမှာလည်း သင်တဲ့ ဘာသာစကားကို နေ့စဥ်သုံးတဲ့ ဦးနှောက်က SSD hard disk ပဲ။ မသုံးဖြစ်ရင် ဦးနှောက် ရှေ့ခြမ်း ကို နောက်ခြမ်းက memory ပြန်ပို့တာနှေးရော။
(၃) Metacognition - ကိုယ့်တွေးပုံ၊စဥ်းစားပုံ၊စိတ်ထဲ ဘယ်လိုအလုပ်လုပ်သင်ယူနေသလဲ ဆိုတာတွေ ကို သိမြင်နားလည်ဆန်းစစ် နိုင်ခြင်း က သိပ်အရေးကြီးတယ်။ (Atkinson & Shiffrin, 1968).
ဥပမာတစ်ခုဆိုပါစို့။ ကျောင်းသားတွေကို
Reading exercise တွေလုပ်တဲ့ အခါ vocab/grammar/content အသိ သိပ်မကွာပါရက် ကျောင်းသားနှစ်ယောက်က အဖြေရချိန်မတူဘူး။ ဘာကြောင့်လဲ။ reading strategies သုံးခု ရှိတယ်။ သူ့နေရာနဲ့ သူမသုံးနိုင်လို့။
skimming အမြန်လေးခြုံဖတ်တာ - ဒါက ဘာအကြောင်းအရာလဲ သိရင်ရပြီ။ တချို့ မေးခွန်း (ဒီစာပိုဒ်က ဘာအကြောင်းလဲမေးတာမျိုး) တွေက အဲ့လို ဖတ်ရင်အဖြေရပြီ ။ ပုံတွေ ခေါင်းစဥ်တွေ ပထမ စာပိုဒ်၊ နောက်ဆုံးစာပိုဒ်ဖတ်၊ ကျန်တာ အကြမ်းလောက်အမြန်ကြည့်ရင် တန်းသိမယ်။
scanning လိုတဲ့ဟာကိုပဲ စစ်ထုတ် ဖတ်တာ _ မေးခွန်းက key words တွေကို သုံးကာ scan လုပ် _ တွေ့တဲ့ နေရာ သေချာဖတ်၊ ဒါမှ ရမှာလေ၊ ဥပမာ မြန်မာပြည်အကြောင်း စာ - ပထဝီသွင်ပြင်၊သမိုင်း၊လူမျိုး ဆိုပြီးသုံးပိုဒ်ပါတဲ့စာ ။မေးခွန်းက မြစ်ဘယ်နှစ်စင်းလဲဆိုမေးတာကို သမိုင်း/လူမျိုး စာပိုဒ်တွေကိုပါရှာနေစရာမလိုဘူးလေ။
အခြားအချက်တူတဲ့ နှစ်ယောက်ထဲမှာ နှေးတဲ့ ကျောင်းသားဟာ သူ့ အတွေးမှာ ဘယ် strategy သုံးရမလဲ မသိတာ/မသုံးဖြစ်တာ/သုံးဖို့မေ့နေတာ ... (သို့မဟုတ်) မြစ်ဆိုတာ ပထဝီသွင်ပြင်နဲ့ ဆက်စပ်တွေးဖို့လိုမှန်း မတွေးမိတာ_ တနည်းပြောရရင်
metacognitive awareness (သူ့သင်ယူပုံ သူသိဖို့ လိုတာ) ဆိုရမယ်။
ဒါကို သူသိအောင်လုပ်ပေးရမယ့်နည်းလမ်းတွေရှိတယ်_ ကျောင်းသားတွေ metacognitive awareness ကောင်းစေဖို့ အောက်ပါ အချက်တွေ ဆောင်ရွက်နိုင်တယ်။
Metacognitive Awareness တိုးတက်စေသော activity များ
(က) strategy discussion ကျောင်းသားနဲ့ ဆရာဖြစ်စေ၊ ကျောင်းသားအချင်းချင်ဖြစ်စေ strategy တွေ ဆွေးနွေးပါ၊ဆွေးနွေးခိုင်းပါ။
(ခ) peer-teaching ကျောင်းသားဟာ သူအဖြေရစေဖို့ သုံးတဲ့ နည်း အခြားကျောင်းသားကို ပြောပြလိုက်ခွင့်ရတဲ့ အခါ သူရော အခြားသူပါ metacognitive awareness ပိုကောင်းစေပါတယ်။ အချင်းချင်းအဖြေတိုက် _ဘာလို့ဒီအဖြေရွေးရသလဲ တိုင်ပင်ပေါ့။
(ဂ) self-reflection journals မိမိသင်ယူခြင်းဖြစ်စဉ် တိုးတက်မှု၊ ကြုံနေတဲ့ အခက်အခဲ၊ ရှင်းနိုင်မယ့်နည်းလမ်းတွေ ရေးခိုင်းတာမျိုးကလည်း အထောက်ကူဖြစ်စေတယ်။
(ဃ) schemata checklist – အပိုင်းလိုက် checklist လေးဖြည့်ခိုင်းကြည့်တာ။ ဥပမာ Essay Introduction ဆိုရင် _
Hook ရေးတတ်ပြီလား?
Transition ရေးနိုင်ပြီလား?
Thesis Statemnt ရေးတတ်ပြီလား... စသည်ပေါ့။
(င) Think-aloud session – ေတွးနေပုံကို ထုတ်ပြောပြီး ဖြေခိုင်းတာမျိုး_
ဥပမာ
I am finding the answer to the questions “How many major rivers are there in Myanmar?
The key words are major rivers and how many
I see. The key word major river is related to “Geographical paragraph.
Oh I see the word rivers together with a number
Yes the answer is FOUR MAJOR RIVERS
Language level အမြင့်ပိုင်းရောက်ဖို့ဆို metacognition အသိပိုင်းမှာလည်းရင့်သန်ဖို့လိုပါတယ်။
ဥပမာ Writing ပိုင်းမှာ idea relevancy ဖြစ်ဖြစ် logical ကျကျ တင်ပြနိုင်ဖို့ _
ဘယ်နေရာမှာ ဘယ်လိုတွေးလိုက်မိလို့ relevancy ပိုင်းအားနည်းသွားတယ်
ဒီနေရာလေးမှာ ဒါကို အနောက်မပို့ပဲ အရှေ့ထုတ်လိုက်လို့ logical flow ငြိသွားတယ်
ဒီလိုမဖြစ်အောင် ဘယ်လိုတွေးရမယ်
ဘယ်လိုစီရမယ် စတာတွေ သိနေမှပဲ၊ တွေးနေမှ Essay ရေးတာ အဆင်ပြေမှာပေါ့။
“သင်္ချာကျတဲ့ ကျောင်းသားလေး”အမည်နဲ့ Metacognitive Awareness ဆိုင်ရာ ပေါ့ပါ့ပါးပါး စိတ်ပညာဆောင်းပါးလေးတစ်ပုဒ် EduBurmaမှာတင်ဖူးတယ်။ Comment မှာကြည့်နော်။
(၄) Active Learning - သင်ယူသူဟာ ထိုင်နားထောင်နေရုံမဟုတ်၊ ကျင့်သားရအောင် သင်ပေးသူ က ခိုင်းတာလိုက်လုပ် နေရုံမဟုတ် _ တွေးနေမှတ်နေသူဖြစ်ရမယ်။ ဖန်တီးနိုင်သူဖြစ်လာရမယ်။(Bonwell & Eison, 1991)
တက်ကြွစွာသင်ယူခြင်းဖြစ်ဖို့က Cognitivism ရဲ့ အခြေခံပဲ၊ အထက်ပါပြောခဲ့တဲ့ အချက်တွေ ပြည့်စုံစေဖို့ Active Learning ဖြစ်စေဖို့ အောက်ပါအချက်တွေကို ကျင့်သုံးသင့်တယ်လို့ ဘာသာစကားသင်ကြားရေးဆိုင်ပညာရှင်တွေ၊ ပညာရေးသုတေသီတွေက ဆိုကြပါတယ်။
(က) Collaborative learning ပူးပေါင်းဆောင်ရွက်ကာ သင်ယူစေခြင်း
Collaborative learning ဆိုတာ ပြဿနာတစ်ခုကို ဖြေရှင်းတာ၊ အလုပ်တစ်ခုပြီးအောင်လုပ်တာ၊ အသိမြင်သစ်တစ်ခုရအောင်လေ့လာတာတွေမှာ ကျောင်းသားတွေကို အဖွဲ့လိုက် ပူးပေါင်း ဆောင်ရွက်ကာသင်ယူစေတာဖြစ်ပါတယ်။ (Laal, et.al, 2012)
ဥပမာ ခေါင်းစဉ် ခွဲ ငါးခုပါတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်ခိုင်းမယ်_ ကျောင်းသားက 25 ဦးရှိတယ် ဆိုပါစို့၊ ကဲ အကုန်ငြိမ်ပြီးဖတ် ပြီးရင်မေးခွန်းဖြေ လုပ်မဲ့ အစား Collaborative Learning အောက်ပါအတိုင်း လုပ်ကြည့်စို့နော်။
(၁) ပထမဆုံး ငါးယောက်ဆီ ပါတဲ့ ငါးဖွဲ့ခွဲပါ ၊ တစ်ဖွဲ့စီကို ခောင်းစဉ်ခွဲတစ်ခုစီဖတ်ပြီး သဘောပေါက်သည်အထိ ဆွေးနွေးစေပါ။
(၂) ပြီးရင် တစ်ဖွဲ့ချင်းစီက တွေ့ရှိသင်ယူထားချက်ကို အတန်းထဲ ပြန်ရှင်းပြခိုင်းတာ၊ (သို့မဟုတ်) ခောင်းစဥ်ခွဲ ၁/၂/၃/၄/၅ ဖတ်ပြီးသူတွေအစုံပါတဲ့ အဖွဲ့သစ်တွေဖွဲ့ပြီး အုပ်စုသစ်မှာ ပြန်ဆွေးနွေးခိုင်းပါ။
(၃) ပြီးမှ လေ့ကျင့်ခန်းတွေ အကုန်ဖြေကြ၊ ဆရာက အဖြေမတိုက်ပေးခင်_ ကျောင်းသားတွေ ဘေးက လူနဲ့ နှစ်ယောက်တစ်တွဲဆီ အဖြေတိုက်ဆွေးနွေးခိုင်းတာမျိုးပေါ့။
အကျိုးကျေးဇူးက အများကြီးပဲ။ ကျောင်းသားတွေပျော်မယ်၊ စာပိုနားလည်မယ်၊ အချင်းချင်းချစ်ကြည်ရင်းမှီးမယ်။ စာဖတ်နေရလို့ မပျင်းရိတော့ဘူး။ စသည်စသည်များစွာရှိပါတယ်နော်။
(ခ) Problem-Based Learning (PBL) ပြဿနာတစ်ရပ်ဖြေရှင်းကာသင်ယူစေခြင်း
Problem-Based Learning (PBL) ဆိုတာ အဖြေအမျိုးမျိုးရှိနိုင်တဲ့ ပြဿနာတစ်ရပ်ကို ကျောင်းသားတွေ ဖြေရှင်းခိုင်းကာ သင်ယူစေတဲ့ ကျောင်းသားဗဟိုပြုသင်ကြားနည်းတစ်ရပ်ဖြစ်ပါတယ်။ (Savery, 2006)
ဥပမာ (၁) _
ကလေးတွေ Present Simple Grammar သင်ပြီးကျင့်ပြီး အချိန်မှာ သူတို့ကို ပိုမှတ်မိစေချင်တယ် ဆိုပါစို့။ Editor အဖွဲ့ လုပ်တိုင်းကစားကြည့်ခိုင်းပေါ့။ သတင်းစာ ကို လာတဲ့ ဆောင်းပါးတွေမှာ present simple error တွေ အမှားများ နေတယ် ဆိုပြီး လွယ်တဲ့ ဆောင်းပါးလေးတွေမှာ Present simple errors လေးတွေထည့်ပြီး အဖွဲ့လိုက်စစ်ဆေးပြင်ဆင်ခိုင်းတာမျိုးပေါ့။ ပြီးရင် တခြား Group နဲ့လဲ Cross-check လုပ်ခိုင်းတာမျိုးလည်းရတယ်။
ဥပမာ (၂)
Future Plan “am is are going to infinitive” သင်ထားပြီးပြီ မို့ ကျင့်ပေးမယ်ဆိုပါစို့. မြို့တစ်မြို့မှာအမှိုက်တွေပွလွန်း၊ လေထုတွေညစ်ညမ်းနေတယ်။ စသည် Problem လေးတွေ ပြော.... မြို့ဝန်ရွေးကောက်ပွဲရှိတယ်၊ မြို့တော်ဝန်နေရာ ဝင်ပြိုင်မယ့် ပါတီတွေ အဖြစ် Group လေးတွေ ဖွဲ့ပြီး သူတို့ဖြေရှင်းမယ့် အစီစဉ်တွေ တိုင်ပင်တင်ပြခိုင်းတာ၊ပြီးရင် Class vote ပေးတာပေါ့။ ဥပမာ We are going to put enough dust-bins on every street. စသည်ဖြင့် am is are going to infinitive ကိုသုံးခိုင်းတာမျိုးပေါ့။
(ဂ) Inquiry-Based Learning စူးစမ်းလေ့လာသင်ယူစေခြင်း
Inquiry-Based Learning ဆိုတာကတော့ မေးခွန်းမေးခြင်း၊ရှာဖွေစူးစမ်းခြင်း၊ အကဲဖြတ်ခြင်း တွေသုံးကာ အသစ်သစ်သော အရာတွေကို စူးစမ်းလေ့လာသင်ယူစေတာဖြစ်ပါတယ်။ (Justice et.al 2007).
ဥပမာ Essay Writing သင်တာ introduction ဘယ်လိုရေးရမလဲ သင်ပြီဆိုပါဆို့။ Essay စာအုပ်အမျိုးမျိုးဖြစ်စေ၊ Websites တွေက ဖြစ်စေ၊ introduction ထဲမှာ ပါတဲ့ Hook/General Statement, transition, thesis statement တွေကို လေ့လာဆန်းစစ်ပြီး တင်ပြစေတာမျိုးပေါ့။
ဒါမှ မဟုတ်လည်း ဆရာ က Thesis Statement တစ်ခုပေး၊ ကျောင်းသားတွေကို AI တွေကနေ Hook Transition အမျိုးမျိုးရနိုင်သလောက် များစွာ ရေးခိုင်း၊ ရေးထားကြတဲ့ Hook type တွေကို ဆန်းစစ်လေ့လာ ပြီး အကောင်းဆုံးကို အဖွဲ့လိုက်ရွေးချယ်စေတာမျိုးပေါ့။
(ဃ) အခြားသော active learning ဖြစ်စေတဲ့ Activities များ
active learning ဖြစ်စေတဲ့ Activities တွေ များစွာ ရှိပါသေးတယ်။ language games တွေ၊ role-plays တွေ၊ case-based learning တွေ အများကြီးပေါ့ ။ အထက်က ဥပမာ သုံးခုနဲ့ ဆို လုံလောက်စွာ ခြုံငုံနားလည်နိုင်လောက်ပြီယူဆပါတယ်။ EduBurma ကလည်း အခုလိုဆောင်းပါးလေးတွေ ဆက်လက် တင်ပေးဖို့ ကြိုးစားပါ့မယ်။
Theory သုံးခုတင်ပြဆွေးနွေးပြီးပြီမို့ Quiz လေး ဖြေကြည့်နိုင်အောင် comment မှာ link လေးပေးထားပါတယ်။
ခင်စန္ဒာဝင်း (EduBurma) နှင့် ရန်နိုင်စိုးညွန့် (EduBurma) တို့ ပူးပေါင်းတင်ဆက်ပါသည်။
References
1. Atkinson, R.C., & Shiffrin, R.M. (1968). Human memory: A proposed system and its control processes. In K.W. Spence (Ed.), The psychology of learning and motivation (Vol. 2, pp. 89-195). Academic Press.
2. Ausubel, D.P. (1968). Educational psychology: A cognitive view. Holt, Rinehart and Winston.
3. Bartlett, F.C. (1932). Remembering: A study in experimental and social psychology. Cambridge University Press.
4. Bonwell, C.C., & Eison, J.A. (1991). Active Learning: Creating Excitement in the Classroom. ASHE-ERIC Higher Education Report No. 1. Washington, D.C.: School of Education and Human Development, George Washington University.
5. Bruner, J.S. (1966). Toward a theory of instruction. Belkapp Press.
6. Ellis, R. (2003). Task-based language learning and teaching. Oxford University Press.
7. Flavell, J.H. (1979). Metacognition and cognitive monitoring: A new area of cognitive-developmental inquiry. American Psychologist, 34(10), 906.
8. Freeman, S., Eddy, S.L., McDonough, M., Smith, M.K., Okoroafor, N., Jordt, H., & Wenderoth, M.P. (2014). "Active learning increases student performance in science, engineering, and mathematics." Proceedings of the National Academy of Sciences, 111(23), 8410-8415.
9. Justice, C., Rice, J., Warry, W., Inglis, S., Miller, S., & Sammon, S. (2007). Inquiry in higher education: Reflections and directions on course design and teaching methods. Innovative Higher Education, 31(4), 201-214.
10. Köhler, W. (1929). Gestalt psychology. Liveright.
11. Krashen, S.D. (1982). Principles and practice in second language acquisition. Pergamon.
12. Laal, M., & Ghodsi, S. M. (2012). Benefits of collaborative learning. Procedia - Social and Behavioral Sciences, 31, 486-490.
13. Lean, J., Moizer, J., Towler, M., & Abbey, C. (2006). Simulations and games: Use and barriers in higher education. Active Learning in Higher Education, 7(3), 227-242.
14. Miller, G.A. (2003). The cognitive revolution: a historical perspective. Trends in Cognitive Sciences, 7(3), 141-144.
15. Novak, J.D., & Gowin, D.B. (1984). Learning how to learn. Cambridge University Press.
16. Ormrod, J.E. (2016). Human learning (7th ed.). Pearson.
17. Piaget, J. (1952). The origins of intelligence in children. International Universities Press.
18. Prince, M. (2004). "Does active learning work? A review of the research." Journal of Engineering Education, 93(3), 223-231.
19. Savery, J. R. (2006). Overview of problem-based learning: Definitions and distinctions. Interdisciplinary Journal of Problem-Based Learning, 1(1).
20. Schön, D. A. (1983). The reflective practitioner: How professionals think in action. Basic Books.
21. Vygotsky, L.S. (1978). Mind in society: The development of higher psychological processes. Harvard University Press.
ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ Psycholinguistics Article များ Link
Nativism
Behaviourism
Academic English ဆိုင်ရာ ဆောင်းပါးများ
Essay ရေးနည်းလမ်းညွှန်ဆောင်းပါးပေါင်းချုပ်
Essay ရေးတတ်ဖို့ 1
https://m.facebook.com/story.php?story_fbid=203621512233474&id=100077568789254
Essay ရေးတတ်ဖို့ 2
https://m.facebook.com/story.php?story_fbid=203626025566356&id=100077568789254
Essay ရေးတတ်ဖို့ 3
https://m.facebook.com/story.php?story_fbid=203674662228159&id=100077568789254
Essay ရေးတတ်ဖို့ 4
https://m.facebook.com/story.php?story_fbid=203854842210141&id=100077568789254
Essay ရေးတက်ဖို့ 5
https://m.facebook.com/story.php?story_fbid=205300735398885&id=100077568789254
https://www.facebook.com/100077568789254/posts/205694325359526/
Essayရေးတက်ဖို့ 7
https://m.facebook.com/story.php?story_fbid=252151577380467&id=100077568789254&mibextid=Nif5oz
Essayရေးတက်ဖို့ 8
https://m.facebook.com/story.php?story_fbid=253712197224405&id=100077568789254&mibextid=Nif5oz
Essayရေးတက်ဖို့ 9
ကလေးစိတ်ပညာဆောင်းပါးအချို့
Moral Development
Belief System in Children
Child Psychology Article on Metacognition
#EduBurma #Psycholinguistics #TeachingandLearning #Language #EnglishLanguageTeachingMethodology #ELFSite.com