သင်ကြားခြင်းနဲ့သင်ယူခြင်းပိုမိုထိရောက်စေဖို့
ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ Psycholinguistics ဆောင်းပါးများ (စုစုပေါင်း ၅ ပုဒ်)
English လိုတော်ဖို့ ဖတ်သင့်တဲ့
ဘာသာစကား လေ့လာခြင်းဆိုင်ရာ သုတေသီတို့ ပြောစကားများ (၁)
Nativism (ဇာတိပညာပါပြီးသား ဆိုတဲ့ သီအိုရီ)
by Khin Sandar Win & Yan Naing Soe Nyunt
ဘာသာဗေဒစိတ်ပညာရှင်များက ဘာသာစကား သင်ယူကြပုံကို သီအိုရီ လေးမျိုးနဲ့ ရှင်းပြကြတယ်။ အားလုံးကတော့ သူ့ရှုထောင့်တဲ့နဲ့ သူ အသုံးဝင်တဲ့ အကြံတွေပေးတယ်။ လေ့လာသင်ကြားနည်းတွေပေးတယ်။ ဒီတစ်ခေါက်တော့ Nativism က ဘာပြောသလဲကြည့်ကြစို့။
လေ့လာနေသူ၊ သင်ကြားနေသူများ အသုံးတည့်နိုင်မယ်ရည်ရွယ်ပါတယ်။ read more....
ဘာသာစကား လေ့လာခြင်းဆိုင်ရာ သုတေသီတို့ ပြောစကားများ (၂)
Behaviourism
What is Behaviorism?
ယခင်တစ်ပတ်က Nativism အကြောင်း တင်ပြပြီးပါပြီ။ ။ ဒီတစ်ပတ် နောက်သီအိုရီတစ်ခုတူတူလေ့လာ ကြပါစို့။ စိတ်ပညာသီအိုရီတစ်ခုဖြစ်တဲ့ Behaviorism က ဘာသာစကားသင်ကြားရေးအတွက် တန်ဖိုးရှိတဲ့ရှု့ထောင့်တွေ၊ သင်ကြားသင်ယူနည်းနာတွေ ပေးပြန်ပါတယ်။ Behaviorism က ချီးမွမ်းအားပေးခြင်း၊ အတုယူလုပ်ဆောင်ခြင်း၊ အလေ့အထဖြစ်စေခြင်းတွေက ဘာသာစကား သင်ကြားရေး၊ တတ်မြောက်ရေးမှာ အရေးပါတာကို အဓိက ရှင်းပြတယ်။ read more ....
ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ သုတေသီတို့ ပြောစကားများ (၃)
Cognitivism
By Khin Sandar Win & Yan Naing Soe Nyunt
ဒီတစ်ပတ်မှာတော့ (ဘာသာစကားအပါဝင်) သင်ကြားသင်ယူခြင်းကို Behaviourism ရဲ့ ဆန့်ကျင်ဘက် အခြားတစ်ဖက်ကနေ ရှုမြင်လေ့လာပြီး နည်းနာတွေ ပေးခဲ့တဲ့ Cognitivism အကြောင်း တူတူလေ့လာကြရအောင်နော်။ read more ....
ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ သုတေသီတို့ ပြောစကားများ (၄)
Constructivism
ကမ္ဘာ့ပညာရေးနယ်ပယ်မှာ အပြန်အလှန်ဆွေးနွေး ပြောဆိုခြင်းတွေ ၊တက်ကြွစွာဆောင်ရွက်ရ ခြင်းတွေပါဝင်တဲ့ ကျောင်းသားကို ဗဟိုပြုတဲ့ ပညာရေးစနစ်ကို တွန်းပို့ပေးခဲ့တဲ့ ပညာရေးသီအိုရီတွေထဲက ထင်သာမြင်သာ ဥပမာတစ်ခုကတော့ Constructivism ဖြစ်ပါတယ်။
ဒီလေးခုမြောက်ဆောင်းပါးမှာတော့ ယေဘုယျ ပညာရေး အတွက်သာမက ဘာသာစကားသင်ကြားသင်ယူရေးအတွက်ပါ အလွန်အရေးပါတဲ့ ရှုမြင်ပုံ နဲ့ နည်းနာတွေ ပေးခဲ့တဲ့ Constructivism ကို တူတူလေ့လာကြပါစို့။ read more ....
ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ သုတေသီတို့ ပြောစကားများ (၅)
Input Vs Output Hypotheses တွေနဲ့ Feedback အကြောင်း
ဒီတစ်ပတ်မှာတော့ ဘာသာစကားသင်ကြားရေးကို ဆန့်ကျင်ဘက်ကနေ ရှုမြင်ကြတဲ့ Krashen's Input Hypothesis နဲ့ Swain's Output Hypothesis အမြင်နှစ်ခုကို နှိုင်းယှဉ်လေ့လာကာ အကျိုးရှိစေမယ့် အတန်းတွင်းလုပ်ဆောင်စရာတွေကို နှစ်ဖက်စလုံးဆီက ထုတ်နှုတ် ဆွေးနွေးမှာ ဖြစ်ပါတယ်။ read more ....