ဒေါ်ခင်စန္ဒာဝင်း နှင့် ဦးရန်နိုင်စိုးညွန့်တို့ ပြုစုရေးသားပါသည်။
Academic ဆိုင်ရာ ဝေါဟာရကြွယ်ဝခြင်း
Grammar နဲ့ ဝါကျဖွဲ့ထုံးတွေကို ကျွမ်းကျင်ခြင်း
Critical reading စွမ်းရည်ရှိခြင်း
Academic writing ကိုစနစ်တကျရေးနိုင်ခြင်း
Formal informal အခြေအနေတွေမှာ သင့်တင့်လျောက်ပတ်အောင် လိုရင်းရောက်ရှင်းလင်းကျစ်လျစ်စွာပြောနိုင်ခြင်း
ရှင်းရသော်
Academic ဆိုင်ရာ ဝေါဟာရကြွယ်ဝခြင်း
ဘယ်လို လေ့လာရမလဲ... textbook တွေ ၊ ဆောင်းပါးတွေ ၊ ဟောပြောချက် lectures တွေကနေ သင်ယူနိုင်ပါတယ်။ ဝေါဟာရအသစ်တွေကို note ထုတ် list လုပ်လေ့လာနိုင်ပါတယ်။ဝေါဟာရတွေမှတ်ရင်း သူတို့နဲ့အတူ တွဲတွေ့ရလေ့ရှိတဲ့ collocations တွေကိုလည်း မှတ်သားသင့်ပါတယ်။ အစုလိုက်သုံးတတ်တဲ့ fixed expressions တွေကိုလည်း မှတ်သားဖို့ မမေ့သင့်ပါ (ဥပမာ - On the other hand, with regard to the issue of, as a result, the evidence suggests,etc.)။ ဒါ့အပြင် dictionary ကောင်းကောင်းတွေကို သေသေချာချာသုံးတတ်အောင်လည်း လေ့လာသင့်ပါတယ်။ အရေးအကြီးဆုံးက ပြန်သုံးပါ။ ချက်ချင်းပြန်သုံးကြည့်ပါ။ သတိရတိုင်းပြန်သုံးပါ။ စိတ်ကူးပေါက်တိုင်းပြန်သုံးပါ။ ပြန်သုံးစရာအခြေအနေမပေးလျင်လည်း ကိုယ့်ဘာသာ ဝါကျဖွဲ့ context တွေထဲထည့် ရေးကြည့် ပြောကြည့်ပါ။
သုံးသင့်သော dictionary များ -
Oxford Learner's Dictionary of Academic English:
Cambridge Academic Content Dictionary
Merriam-Webster's Advanced Learner's English Dictionary
Longman Dictionary of Contemporary English
Collins COBUILD Advanced Learner’s English Dictionary
Macmillan English Dictionary for Advanced Learners)
ဆက်ရန်...
Khin Sandar Win & Yan Naing Soe Nyunt
နိုင်ငံတကာတက္ကသိုလ်ပညာရေးကို လေ့လာချင်သူများအတွက် လိုအပ်တဲ့ Academic English 4 Skills ကို အချိန်ယူပြီး စနစ်တကျပြင်ဆင်ချင်လျင် EduBurma ရဲ့ Road to Academic English Course ရှိပါတယ်။
Available classes:
Pre-intermediate level (Sat&Sun 5:00-6:30pm)
Intermediate level (Sat&Sun 7:30-9:00pm)