Behaviourism

English လိုတော်ဖို့ ဖတ်သင့်တဲ့

ဘာသာစကား လေ့လာခြင်းဆိုင်ရာ  သုတေသီတို့ ပြောစကားများ (၂)

Behaviourism

င်စန္ဒာဝင်း (EduBurma )  နှင့် ရန်နိုင်စိုးညွန့် (EduBurma) တို့ ပူးပေါင်းတင်ဆက်ပါသည်။

What is Behaviorism?

ယခင်တစ်ပတ်က Nativism အကြောင်း တင်ပြပြီးပါပြီ။  ။ ဒီတစ်ပတ် နောက်သီအိုရီတစ်ခုတူတူလေ့လာ ကြပါစို့။  စိတ်ပညာသီအိုရီတစ်ခုဖြစ်တဲ့ Behaviorism က ဘာသာစကားသင်ကြားရေးအတွက် တန်ဖိုးရှိတဲ့ရှု့ထောင့်တွေ၊ သင်ကြားသင်ယူနည်းနာတွေ ပေးပြန်ပါတယ်။ Behaviorism က ချီးမွမ်းအားပေးခြင်း၊ အတုယူလုပ်ဆောင်ခြင်း၊ အလေ့အထဖြစ်စေခြင်းတွေက ဘာသာစကား သင်ကြားရေး၊ တတ်မြောက်ရေးမှာ အရေးပါတာကို အဓိက ရှင်းပြတယ်။

Ivan Pavlov နဲ့  J. B. Watson တို့ အဆင့်ဆင့် ပြောပြခဲ့တဲ့ Behaviorism  အမူအကျင့် ဆိုင်ရာ သီအိုရီ ကို အမေရိကန် စိတ်ပညာရှင် B.F. Skinner က ပိုပြည့်စုံတဲ့အထိ အဓိက ဆက်လက် ရှင်းပြပေးခဲ့ပါတယ်။ ဘာသာစကားသင်ယူတတ်မြောက်ခြင်းအပါအဝင် သင်ယူတတ်မြောက်ခြင်းမှန်သမျဟာ အလေ့အထအမူအကျင့်ဖြစ်စေခြင်း(ပြုစုပျိုးထောင်လေ့ကျင့်ခြင်း) ၊ အားပေးအားမြှောက်ပြုခြင်း တို့ရဲ့ ရလာဒ်တွေ ဖြစ်တယ်လို့ သူက ယုံကြည်တယ်။

ဘာသာစကားသင်ကြားရေးနဲ့ အမူအကျင့် ဘာပတ်သက်သလဲ။

အောက်ပါ အချက်သုံးချက်ဟာ Behaviourism အရ ဘာသာစကားတတ်မြောက်ခြင်းအတွက် အရေးပါသည့် အချက်သုံးခုဖြစ်ပါတယ်။

(၁) Learning Through Imitation: အတုယူရင်းတတ်မြောက်တာ

သူ့အဆိုအရ ဘာသာစကားသင်ယူခြင်းအများစုဟာ သူများတွေ ပြောဆိုအသုံးပြုတာကို လိုက်ပြီး အတုယူပြုလုပ်ခြင်း က လာတယ်။ ကလေးတွေဟာ လူကြီးတွေ ပြောတာကို လိုက်ပြောတယ်။ ဟုတ်တယ် တော်တယ် စသည်ဖြင့် မှန်ကြောင်း သူတို့ကို လူကြီးက တုန့်ပြန်တာရရင်း ဆက်ပြောကျင့်ရင်းတတ်သွားကြတယ်ပေါ့။  အဲဒီတော့ ဆရာတွေ မိဘတွေရဲ့ တာဝန်သည် အတုယူနိုင်အောင် လုပ်ပေးဖို့ တာဝန်ဖြစ်တယ်။

(၂) Reinforcement and Repetition: အားပေးအားမြှောက်ပြုခြင်း နှင့် ထပ်တလဲလဲ ပြုမူခြင်း

ကလေးတစ်ယောက်က စကားလုံး၊ စကားစုတစ်ခုကို မှန်အောင်လိုက်သုံးတဲ့ အခါ၊ လူကြီးတွေက ချီးမွမ်း အားပေးတယ်။ ဒါက အကြိမ်ကြိမ်သုံးစေတယ်။ အကြိမ်ကြိမ်သုံးတော့ သူပိုတတ်မြောက်တယ်။

(၃) Conditioning: ပြုစုပျိုးထောင်လေ့ကျင့်ပေးမှု (သို့) အလေ့အထဖြစ်စေခြင်း

စကားလုံး၊စကားစုတွေက လှုံ့ဆော်ပေးသော အရာ stimuli ဖြစ်တယ်၊ သူတို့  အနက်အဓိပ္ပါယ်ဆောင်မှုတွေက  ပြန်တုံ့ပြန်ခြင်း responses တွေဖြစ်တယ်လို့မြင်တယ်။ ဥပမာ ခွေးကို မြင်ရမြင်ရတိုင်း dog ဆိုတဲ့ စကားလုံးကို  ကြားဖန်များတဲ့အခါ ဒီ နှစ်ခု (stimulus+response) dog ဆိုတဲ့ စကားလုံးနဲ့ တကယ့်အကောင်ကိုတွဲမိ သွားတယ်။ သိသွားတယ်။ ဒါက Behaviorism က ဘာသာစကားသင်ကြားရေး ကိုရှုမြင်ပုံဖြစ်တယ်။ အထက်ပါ အလေ့အထဖြစ်စေခြင်း၊ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း (conditioning) က သင်ယူမှုဖြစ်စေတယ်ဆိုတယ်။

Behaviorism အယူအဆချည်းသာဆိုရင်တော့ မပြည့်စုံနိုင်ခြင်း

Behaviorism ဟာ ဘာသာစကားသင်ကြားရေးဆိုင်ရာအတွက်  တန်ဖိုးရှိတဲ့ အသိအမြင်တွေ ပေးခဲ့တာမှန်တယ်။ သို့သော် ဘာသာစကားသင်ကြားရေးသဘောသဘာဝကို Behaviorism တစ်ခုတည်းနဲ့ ပြည့်စုံအောင်ရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဆောင်းပါး ၁ မှာ ဆွေးနွေးခဲ့တဲ့ nativism အပါအဝင်  နောက်ဆောင်းပါးတွေမှာ ဆက်တင်ပြမယ့် သီအိုရီတွေပေါင်းမှ ပိုမိုပြည့်စုံမှာဖြစ်တယ်။

ယနေ့ခေတ်မှာ ဘာသာစကားသင်ကြားရေးကို သီအိုရီပေါင်းစုံပေါင်းစပ်ရှုမြင်သုံးသပ်ကာ တိုးတက်အောင်ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ အခုတော့ ထုံးစံအတိုင်း Behaviourism က ဘာသာစကားသင်ကြားရေးအတွက် အကြံပြုထားတာလေးတွေကို ထပ်ဖြည့်မှတ်ကြစို့။

ဆရာ၊ဆရာမများ သတိပြုဖွယ်များ

(၁) Positive Reinforcement  ချီးမွမ်းအားပေးမှု

သင်ယူသူတွေရဲ့ အားထုတ်မှု၊ တိုးတက်မှု၊ ဘာသာစကားကို မှန်ကန်စွာသုံးလာနိုင်မှုကို ချီးမွမ်းအားပေးတာ တွေပုံမှန်လုပ်ဖို့လိုတယ်။ ဒါဟာကျောင်းသားတွေရဲ့ သင်ယူလိုစိတ်ကို ပိုတိုးစေတယ်။ Positive Reinforcement   က အမျိုးမျိုးရှိတယ်။ ဥပမာ စကားလုံးသစ်သင်တယ်။ ရလာတယ်။ သုံးတတ်လာတယ်။ Excellent! Good Job! စတာသည်ဖြင့် နှုတ်အားဖြင့် လုပ်ပေးနိုင်တယ်။ စတစ်ကာလေးတွေ၊ သကြားလုံးလေးတွေ စသည် ဆုလေးတွေ ပေးတာလည်းပါတယ်။ လုပ်ထားတဲ့ Assignment အောက်မှာ ချီးမွမ်းအားပေး စာသားလေးတွေရေးပေးတာ။ စသည်ဖြင့် နည်းမျိုးစုံရှိပါတယ်။

.

(၂)  Structured Repetition and Practice: ပုံစံချထားပေးတဲ့အတိုင်း ထပ်တလဲလဲ ကျင့်စေခြင်း၊

ဥပမာ present perfect သင်လိုက်တယ်ပေါ့လေ ကျတော်တို့ အလွယ်ခေါ်နေကြ has/have V3  အသုံး တွေထဲက တစ်ခုသင်တယ်ဆိုပါဆို့၊ Have you ever ….? ဆိုတာလေးကို အမေးအဖြေအကြိမ်များစွာ ကျင့်ပေးမယ်ပေါ့။

ဘယ်လိုလုပ်မလဲ ကလေးတွေကို စာရွက်ပိုင်းလေး တစ်ခုစီပေးထား အဲ့ စာရွက်ထဲ Verb Phrase လေးတွေ မတူတာလေးတွေပါမယ်။  travel by train, fall out of bed, dream of a ghost …စသည်ပေါ့။

ကလေးတွေကို အဲ့တာမလုပ်ခင်တော့ အဲ့စာလုံးတွေ သိထားစေရမယ်၊ အဲ့ verb  တွေရဲ့  past participle V3 ကိုလည်း သင်ထားပြီးပြီဆိုပါဆို့။

ကိုယ့်လက်ထဲရောက်နေထဲ စာရွက်ပိုင်းလေးထဲက စကားစုကို ကြည့် Have you ever…  နဲ့ ဆက် သူငယ်ချင်းကိုမေး၊ သူကဖြေ။ ပြီးရင် သူငယ်ချင်းက လည်း သူ့ စာရွက်ထဲက စကားစုကို ကြည့် ပြန်မေး၊  ကိုယ်ကဖြေ... ပြီးရင်စာရွက်လဲ...

အခြားနောက်သူငယ်ချင်း ဆယ်ယောက်ပြည့်တဲ့ အထိလုပ်။ အတန်းထဲ လိုက်ပြီး Have you ever travelled by train?/ fallen out of bed… စတဲ့ အဲ့ Structured မေးခွန်းတွေ တ၀ကျင့်လိုက်ရတယ်။ ပြောခွင့်ရတယ်။ အတန်းထဲ ပတ်မေးနေရတော့ ပျော်ဖို့လည်းကောင်းတယ်။

(၃) Modeling and Imitation: နမူနာပြ လိုက်လုပ်စေခြင်း

ဟုတ်ပြီအပေါ်က အဲ့လို drill နဲ့ တကယ်မကျင့်ခင် ဘာလုပ်ရမလဲ။ နမူနာလုပ်ပြရမယ်။ လိုက်ပြီးလုပ်ခိုင်းကြည့်ရမယ်။ ဥပမာ ကျောင်းသားတစ်ယောက်ရွေး သူနဲ့ အရင် စာရွက်လဲတဲ့ အထိ အရင်ကျင့်ပြ။

ဆရာ - Have you ever fallen out of bed?

ကျောင်းသား - No, I have never fallen out of bed.

ကျောင်းသား - Have you ever travelled by train?

ဆရာ - I have travelled by train many times….

ဘာလုပ်ရမလဲ သေချာလုပ်ပြပြီးမှ ကျောင်းသားတွေကို အပေါ်က structured practice လုပ်ခိုင်းတာဖြစ်ရမယ်။

(၄) Immediate Feedback + Constructive Correction

ချက်ခြင်းပြင်ပေး၊ ဘာလိုနေတာလဲ (စိတ်မညစ်စေပဲ) သိအောင်ပြော

ကဲခုနက ပြောတဲ့ structured practice လုပ်နေချိန် ဆရာက အတန်းထဲ ပတ်နားထောင်နေတုန်း Have you ever fell out of bed? ကြားတယ်ဆိုပါစို့။ Have you ever fallen …?အဲ့လို ချက်ချင်းပြင်ပေးရမယ်။ Use past participle/V3 သုံးဟဲ့...  လိုရင်း ပြင်ရမှာကို သိအောင် feedback ပေးရမယ်။

ဒါက ဥပမာပေးတာပါ။ အခြားသော အတန်းတွင်း activities များစွာ နှစ်ယောက်တစ်တွဲ pair work တွေ ၊ ဇာတ်တိုက်လေ့ကျင့် role play တွေ များစွာ ဟာ Behaviourism သဘောတွေပါတယ်။ ကျောင်းသင်ရိုးသစ်တွေ၊ language coursebook တွေက pair work/ role play စတာတွေဟာ ဒီသဘောပါပါတယ်။ behaviorism စတဲ့ သီအိုရီပိုင်းတွေကို နားလည်ထားတဲ့ ဆရာက ပိုမို ထိရောက်စွာလေ့ကျင့်ပေးနိုင်တာပေါ့နော်။

For Self-Study Learners

Self-Study လုပ်ရသူတွေအတွက် အကြံပြုချက်

(ဒါတွေက Behaviourism ရှုထောင့်က ဘာသာစကားသင်ယူရေးကို ကြည့်တဲ့ အခါ အသုံးတည့်မည့် အကြံပြုချက်လေးတွေပေးခြင်းဖြစ်ပါတယ်။ )

(၁) Repetitive Learning: အဖန်ဖန်လေ့ကျင့်သင်ယူခြင်း။ သတ်သတ်မှတ်မှတ်လေ့ကျင့်ခြင်း

1. အဖန်ဖန်လေ့ကျင့်သင်ယူခြင်းက မှတ်မိစေတယ်။ ကျွမ်းကျင်စေတယ်။ မိမိလေ့လာထားတဲ့ ဝေါဟာရတွေကို သဒ္ဒါစည်းကမ်းတွေကို အသုံးပြုလေ့ကျင့်ရာမှာ တစ်ခါတည်းနဲ့မရဘူးဆိုတာ သိထားရပါမယ်။ ဥပမာ ဆိုပါစို့ Learn English British Council Website မှာ အခမဲ့လေ့လာစရာတွေ အဲံ့ဒီမှာရှိတယ်။ အဲ့ဒီ Website က Grammar Section မှာရှိတဲ့ Past Simple သင်ခန်းစာလေး လေ့လာလိုက်တယ်ဆိုပါစို့။ ရှင်းပြချက်တွေ လေ့ကျင့်ခန်းတွေ ပြီးသွားပြီ ၊ အဖြေလည်း အဲ့မှာ Feedback နှိပ်လို့ သိပြီးပြီ။ ကိုယ်က အဖြေတွေ အကုန်မမှန်သေးဘူးပေါ့...ဒါဆိုဘာလုပ်မလဲ....လေ့ကျင့်ဖို့လိုသေးတာလေ၊ ပျင်းလည်းမပျင်းရအောင် အခြား Website တစ်ခုက Past Simple ရှင်းပြချက်၊လေ့ကျင့်ခန်း တွေထပ်လေ့လာလေ့ကျင့်ကြည့်ပါလား၊ ဥပမာဆိုပါစို့ Engo4u website grammar section က Past Simple လေးထပ်လုပ်ကြည့်။ နှစ်ထပ်ရှိ မှတ်မိ ပိုကျွမ်းကျင် ပိုနားလည်သွားမှာပါ။

(၂) Listening and Mimicking: နားထောင်ပါ၊လိုက်ဆိုပါ၊ အသံသွင်းပါ၊ယှဉ်ကြည့်ပါ။

Behaviourism ရှုထောင့်ကပြောရရင် native speaker တွေ ပြောတာ နားထောင်ဖို့လိုမယ်၊လိုက်ပြောကြည့်မယ်။ ဒါက imitation လို့ ဆိုခဲ့တဲ့ အပိုင်းကိုး။ လုပ်ကို လုပ်သင့်တယ်။ self-study သမားဆို language contact အတွက် အဲ့လိုစနစ်တကျလုပ်ဖို့က ဒီဘက်ခေတ် အတော်လွယ်သွားပြီ။ YouTube, Facebook စတာတွေ မှာ topics အစုံ Video အတိုလေးတွေရှိတယ်။

ဥပမာ YouTube မှာဆို English Speeches လို့ရိုက်ရှာ တစ်ခု နားထောင်ကြည့်၊ နောက်တစ်ခေါက်မှာ ပြောနေသူနဲ့ တူအောင်လိုက်ပြောကြည့် ၊ ပြီးရင် နောက်ဆုံးတစ်ခေါက်မှာ video ကို mute လုပ် subtitle ကည့် ကိုယ့်ဘာသာပြော အသံသွင်း။ အဲ့လိုဆို ဗဟုသုတလည်းရ အသံထွက်လည်း မှန်လာမယ်။

အခြေခံက စမယ်ဆို Oxford Advanced Learners Dictionary PC software မှာ Ispeaker  ဆိုတဲ့ Section လေးပါတယ်။ အဲတာကိုသုံး စကားလုံး၊ စကားစု၊ ဝါကျ၊ လေယူလေသိမ်း၊ အဖိအဖော့ အသံထွက်၊ အသုံးဝင်သော စကားစု Functional Language များကို တော်တော်ထိထိရောက်ရောက်ကျင့်နိုင်တယ်။ အပေါ်က နံပတ် ၁ အချက်တော့ရှိရမယ်နော် မှန်မှန်လုပ်ရမယ်ဆိုတဲ့အချက်။

Speakometer ဆိုတဲ့ software လေး PlayStore/AppStore က download ဆွဲပြီး အသံထွက်တွေလေ့ကျင့်လို့ရတယ်။

(၃) Use of Rewards: ကိုယ့်ကိုကိုယ် ဆုချပါ။

ကိုယ့်ကိုကိုယ်လည်း ဆုပေးလို့ရတယ်။ ငါဒီနေ့ ဘာတွေလေ့ကျင့်လိုက်ပြီ ရသွားပြီ၊ မုန့်လေးဝယ်စားမယ်။ ဘာလုပ်မယ်ညာလုပ်မယ် စသည်ဖြင့်ပေါ့။ နောက်တစ်ခုက အောင်မြင်မှုမှတ်စုစာအုပ်လေးရေးထားတာမျိုး၊ road map လေးမှာ အမှန်ခြစ်ခြစ်သွားတာမျိုး...စသည်ဖြင့်ပေါ့လေ။

(၄) Immediate Feedback သုံးသပ်ချက် ချက်ခြင်းရလေကောင်းလေ

အပြောအတွက် feedback က Duolingo, Elsa speak စတာတွေသုံးရင် အတော် အသုံးတည့်မယ့် constructive feedback လေးတွေ သူတို့ AI စနစ်က အလိုလိုပေးတာရမယ်။ ကွန်ပျူတာရှိရင်တော့ Duolingo စားမေးပွဲဖြေဖို့လေ့ကျင့် တဲ့ DET Ready website မှာ acc ဖွင့်ပြီး 4 skills ဘယ်ဟာမဆို စုစုပေါင်း လေ့ကျင့်ခန်း 10 ခုလောက်ကျင့် feedback ချက်ခြင်းရတယ်။ Essay ဘာညာကတော့ GPT တို့ bard တို့ကို feedback တောင်းလေ။

တိုက်တွန်းလိုသော အချက်များ

ဘာသာစကားသင်ကြားရေး၊ သင်ယူရေး ဆိုတာ နိုင်ငံတကာမှာ အတော်ခိုင်မာစွာလေ့လာထားကြတဲ့နယ်ပယ်ဖြစ်လို့ အထောက်အကူပြုမဲ့ သီအိုရီအမြင်တွေ လေ့လာစရာတွေ အင်တာနက်မှာ များစွာ ရှိပါတယ်။ ELT နယ်ပယ်နဲ့ အလှမ်းဝေးနေသေးတဲ့ ဆရာဆရာမများ  အဲတာတွေကို လေ့လာတဲ့အခါ လွယ်ကူစေဖို့ ရယ်၊ သင်ယူသူတွေလည်း သင်ယူခြင်း မှာ မိမိကိုယ်ကို ပိုမိုနားလည်ကာ ထိရောက်မှုပိုရှိစေဖို့ရယ် ရည်ရွယ်ကာ ဆောင်းပါးများ စဉ်ဆက်မပြတ်ရေးသားပေးသွားဖို့ EduBurma က ကြိုးစားပါမယ်။

English Level B1 B2 လောက်ရှိပြီဆိုရင်တော့ Teaching English British Council Website မှာ အခုလို အကြောင်းအရာတွေကို လေ့လာနိုင်မယ့် short course လေးတွေ လစဉ် အခမဲ့ တက်ရောက်ပြီး Certificate လေးများပါရရှိနိုင်ပါတယ်။

ပြီးတော့ MmTESOL Facebook page မှာလည်း မြန်မာ ELT Professional များက မကြာခဏ Webinar များကျင်းပလေ့ရှိပါတယ်။ (Comment မှာ Link လေးတွေပေးမယ်နော်။)

ကြေငြာလေးတစ်ခုဝင်ရမယ်ဆိုရင်တော့ အဆင့်မြင့်ပညာတွေ နိုင်ငံတကာနယ်ပယ်နဲ့ ချိတ်ဆက် ဆည်းပူနိုင်ရေး မှာ လိုအပ်တဲ့ ဘာသာစကားစွမ်းရည် အတွက် EduBurma မှာ  elementary က စလို့ regular တန်းလေးတွေ level အမျိုးမျိုး ရှိသလို ကလေးများအတွက် Life Skill English regular တန်းလေးတွေရှိတယ် ဆိုတာကိုလည်း သတင်းကောင်းပါးလိုက်တယ်ခင်ဗျား။

ရန်နိုင်စိုးညွန့် (EduBurma)  နှင့် ခင်စန္ဒာဝင်း (EduBurma) တို့ ပူးပေါင်းတင်ဆက်ပါသည်။

Bibliography

1. B.F. Skinner's Original Works:

• Skinner, B. F. (1957). "Verbal Behavior". Copley Publishing Group.

• Skinner, B. F. (1938). "The Behavior of Organisms: An Experimental Analysis". B.F. Skinner Foundation.

2. Books and Articles on Behaviorism in Education:

• Watson, J. B. (1930). "Behaviorism". The University of Chicago Press.

• L. W. Michael, & J. C. Moore (2011). "The Basic Principles of Behaviorism". Journal of Applied Behavior Analysis.

3. Modern Analyses and Critiques:

• Schunk, D. H. (2012). "Learning Theories: An Educational Perspective". Pearson.

• Moore, J. (2013). "Tutorial: Cognitive Behaviorism and Behavior Analysis". The Analysis of Verbal Behavior.

4. Applied Behavior Analysis in Education:

• Cooper, J. O., Heron, T. E., & Heward, W. L. (2007). "Applied Behavior Analysis". Pearson.

5. For Historical Context and Broad Overviews:

• Thorne, J., & Henley, T. (2005). "Connections in the History and Systems of Psychology". Houghton Mifflin.

• Todes, D. P. (2014). "Ivan Pavlov: A Russian Life in Science". Oxford University Press.

ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ Psycholinguistics Article များ Link

Nativism

https://m.facebook.com/story.php?story_fbid=pfbid09ZyxmqdjwGFqFcFDSndjaX78zMAj7ibxSRngJgry8DztNBXsyBCmJAa7SmSmYGNJl&id=100077568789254&mibextid=Nif5oz

Behaviourism

https://m.facebook.com/story.php?story_fbid=pfbid0UonZocX1eWsSJXXncCPpWDKxiuyp6JsXu2ycje38MXPZqFBGJXo8CxswJJVqFQ45l&id=100077568789254&mibextid=Nif5oz

Academic English ဆိုင်ရာ ဆောင်းပါးများ

https://m.facebook.com/story.php?story_fbid=pfbid0PeDtmhHD8Hz2fJUamrfPKW6prg99bvLTyN4KcvFCjcRQ8ZFjTEzWzTHnqFwnLpPTl&id=100077568789254&mibextid=Nif5oz

Essay ရေးနည်းလမ်းညွှန်ဆောင်းပါးပေါင်းချုပ်

Essay ရေးတတ်ဖို့ 1

https://m.facebook.com/story.php?story_fbid=203621512233474&id=100077568789254

Essay ရေးတတ်ဖို့ 2

https://m.facebook.com/story.php?story_fbid=203626025566356&id=100077568789254

Essay ရေးတတ်ဖို့ 3

https://m.facebook.com/story.php?story_fbid=203674662228159&id=100077568789254

Essay ရေးတတ်ဖို့ 4

https://m.facebook.com/story.php?story_fbid=203854842210141&id=100077568789254

Essay ရေးတက်ဖို့ 5

https://m.facebook.com/story.php?story_fbid=205300735398885&id=100077568789254

#Essayရေးတက်ဖို့ 6

https://www.facebook.com/100077568789254/posts/205694325359526/

Essayရေးတက်ဖို့ 7

https://m.facebook.com/story.php?story_fbid=252151577380467&id=100077568789254&mibextid=Nif5oz

Essayရေးတက်ဖို့ 8

https://m.facebook.com/story.php?story_fbid=253712197224405&id=100077568789254&mibextid=Nif5oz

Essayရေးတက်ဖို့ 9

https://m.facebook.com/story.php?story_fbid=pfbid02pKXZATjoi6tLqajAhNtsp6qgyPSKomCV5mUb219BnZaHcXEpejAgxbEvXuVibYCjl&id=100077568789254&mibextid=Nif5oz

ကလေးစိတ်ပညာဆောင်းပါးအချို့

Moral Development

https://m.facebook.com/story.php?story_fbid=pfbid0j44pd7j2yTiKbMCq2vzZ3MW7iSQ9dLp6Hen6gkzNM8iqg9wcxZPtFd1mWdgJ3NFGl&id=100077568789254&mibextid=Nif5oz

Belief System in Children

https://m.facebook.com/story.php?story_fbid=pfbid02bAhBy7zjXajbirbF4JvRS73VSbdEVvQfzufzomHN1zbk5SPVsLagnvNVaTJ8Wknul&id=100077568789254&mibextid=Nif5oz

Child Psychology Article on Metacognition

https://m.facebook.com/story.php?story_fbid=pfbid02FJK46T9g6GKPc9x9Vd8XdQUGBb3kpccvunrwzLotqxwu8X6P2pBrHws1Hhq9wQz2l&id=100057080275545&mibextid=Nif5oz