Academic English (1)

Academic English ဆိုင်ရာဆောင်းပါးများ (၁)

Academic writing  မိတ်ဆက်


ဒေါ်ခင်စန္ဒာဝင်း နှင့် ဦးရန်နိုင်စိုးညွန့်တို့ ပြုစုရေးသားပါသည်။

စာစီစာကုံးတွေကစလို့ သုတေသနစာတမ်း တွေအပါအဝင် ပညာရေးနယ်ပယ်က ရေးသားရတဲ့ စာတမ်း အမျိုးမျိုး မှာ ရေးရတဲ့ ရေးဟန်ကို Academic writing လို့‌ ခေါ်ပါတယ်။ မြန်မာလိုတော့ ပညာရပ်ဆိုင်ရာ အရေးအသား၊ တက္ကသိုလ်စာရေးဟန်လို့ခေါ်နိုင်တာပေါ့။ အခြားရေးဟန်တွေနဲ့ မတူဘဲ မိမိပြောလိုတဲ့ အကြောင်းအရာကို ရှင်းလင်း၊ ကျစ်လစ် စွာ ဓမ္မဓိဋ္ဌာန်ကျကျ၊ ပုဂ္ဂိုလ်ရေးအမြင်မဆန်အောင်ရေးသားရတယ်။  Academic writing ရေးနိုင်ဖို့ language level တစ်ခုရောက်ရှိထားရုံမက အောက်ပါ အချက်တွေနဲ့လည်းပြည့်စုံရပါမယ်။ (နောက်ဆောင်းပါးတွေမှာ ကဏ္ဍ တစ်ခုစီကို ဆက်လက်တင်ပြပါ့မယ်။)

(၁) ပညာရပ်နယ်ပယ်ရဲ့ သဘောသဘာဝကို နားလည်ထားရမယ်

စာစီစာကုံးတွေကစလို့ သုတေသနစာတမ်း တွေအပါအဝင် ပညာရေးနယ်ပယ်က ရေးသားရတဲ့ စာတမ်းတွေရေးတဲ့အခါမှာသိထားရမှာတွေရှိတယ်။

A. ဘာရည်ရွယ်ချက်နဲ့ ရေးသလဲ၊

inform တင်ပြ, explain ရှင်းလင်း, argue ငြင်းဆို, persuade စည်းရုံး, analyse ခွဲခြမ်းစိတ်ဖြာ, evaluate အကဲဖြတ်... စသည်ဖြင့်  ရည်ရွယ်ချက်ပေါ်မူတည်ပြီး ရေးနည်းတွေသိရမယ်။

B. ဘယ်သူတွေက ဖတ်ရှုမှာ လဲ၊

ကထိက၊ပါမောက္ခတွေ၊ သုတေသန စာစောင်ရဲ့ စာဖတ်ပရိတ်သက်တွေ... စသည်ဖြင့်

ကိုယ်ရေးမယ့်ကျောင်း၊ ကိုယ်ရေးမယ့် journal က စည်းကမ်းတွေ ကို လိုက်နာရေးသားနိုင်မယ့် အရာတွေ သိထားရမယ်။

C. လိုက်နာစရာ စည်းကမ်းတွေက ဘာလဲ

Formal အခန့်ဟန်ရေးသားပုံ၊ ရှင်းလင်းတဲ့ ဖွဲ့စည်းပုံ၊ ၊အကိုးအကား စနစ်တကျပေးပုံ၊ သက်သေသာဓကနဲ့ ဓမ္မဓိဋ္ဌာန်ကျကျဖြစ်အောင် ရေးပုံ စတဲ့ စည်းကမ်းတွေ လေ့လာ ရမယ်။

ဒါ့အပြင် ကိုယ်ရေးသားရမယ့် ပညာရပ်နယ်ပယ်အကြောင်းအရာကိုလည်း သေချာနားလည်ထားဖို့လိုမယ်။

(၂) သုတေသနစွမ်းရည်

ပညာရပ်နယ်ပယ်အရေးအသားဆိုတာ အ‌ကြောင်းအရာတစ်ခုကို စေ့စေ့ငှငှ၊ သေသေချာချာ လေ့လာ နိုင်စွမ်း ရှိမှရေးနိုင်လိမ့်မယ်။ source တွေ ရှာတတ်ရမယ်။  ဒီစွမ်းရည်ကို လေ့လာရင်းနဲ့  လေ့ကျင့်ယူနိုင်တယ်။ ဥပမာ ပြောရရင် IELTS Essay တစ်ပုဒ်ရေးမယ်ဆိုပါစို့၊ ရေးခိုင်းတဲ့ အကြောင်းအရာကို ဘာမှ မလေ့လာဖူးဘူး၊ စာမဖတ်ဘူးဆို ကောင်းကောင်းရေးဖို့ မလွယ်ဘူး။ အဲ့လိုပါပဲ ပညာရပ်နယ်ပယ်အရေးအသား တွေဖတ်ရင်း၊ ထိတွေ့ရင်း လေ့လာ ရတယ်။ Research Problems, Research Questions, Scope , Purpose စသည်ဖြင့် သိနိုင်ခွဲခြားနိုင်ထားဖို့လိုတယ်။

(၃) ဝေဖန်၊ဆန်းစစ်တွေးခေါ်မှု

လေ့လာဖတ်ရှုရတဲ့ အချက်တွေအပေါ်မှာ ခွဲခြမ်းစိတ်ဖြာ၊ သုံးသပ်ဝေဖန် တာတွေလုပ်ရတယ်၊ ကောက်ချက်တွေ ဆွဲရတယ်။ ပညာရပ်ဆိုင်ရာ စာပေတွေဟာ တင်ပြချက်ကို သာဓက အထောက်အထားနဲ့ တင်ပြထားကြရတယ်။ အဲ့လိုရေးသားထားတာတွေကို ဖတ်ပြီးတော့ ယထာဘူတကျကျတွေး သူပေးထားတဲ့ သာဓကတွေ က ခိုင်လုံရဲ့လား၊ လုံလောက်ရဲ့လား၊ သူဆွဲထားတဲ့ ကောက်ချက်မှန်လား ...စသည် တွေးတတ်ရတယ်။ ဒါတွေသိရင်တတ်ရင်လည်း Academic Essay ဆိုတာ စိတ်ပူစရာမရှိဘူးပေါ့။

(၄) အရေးအသားစွမ်းရည်

သဒ္ဒါ၊ ဝါကျဖွဲ့ထုံး၊ သတ်ပုံ၊ ပုဒ်ဖြတ်ပုဒ်ရပ် စသည်ကစလို့ ပညာရပ်နယ်ပယ် မှာ သုံးတဲ့ နေ့စဥ်သုံးနဲ့ မတူတာတွေရှိတဲ့ ပညာရပ်နယ်ပယ် မှာ သုံးတဲ့ ဝေါဟာရအသုံးတွေကို လေ့လာတတ်ကျွမ်းရမယ်။ (ဒီအပိုင်းကတော့ အတော်ကျယ်ပြန့် တော့ ဆောင်းပါးခေါင်းစဥ်သီးသန့် အခန်းဆက် အနေနဲ့ လေ့ကျင့်ခန်းလေးများပါထည့်ထည့် ပြီး ဆက်လက်တင်ပြပါ့မယ်။ နည်းနည်းတော့ ကြာဦးမယ်နော်)

(၅) အကိုးအကားပြုပုံ၊ ကျမ်းကိုးဖော်ပြရေးသားပုံတွေ ကို နားလည်ရမယ်။

စာတော့ဖတ်တယ်၊ သုံးလည်းပြန်သုံးတယ် ဆိုတဲ့ အဆင့်နဲ့ မရဘူး။ ကိုယ်ဖတ်မှတ်ထားတာတွေကို စနစ်တကျ အကိုးကားအနေနဲ့ ဖော်ပြနိုင်ရတယ်။ အဲ့တာက သိပ်အရေးကြီးတယ်။ မလုပ်နိုင်ရင် plagiarism ထိ... ကျပြီသာမှတ်။ APA, MLA, Chicago စတဲ့  စတဲ့ Citation Styles  တွေ အခြေခံ လေ့လာရမယ်။ သိထားရမယ်။ ဒါမှ မိမိတကယ် နိုင်ငံတကာ နယ်ပါယ်မှာ အဆင့်မြင့် ပညာရပ်တွေ လေ့လာတော့မယ်ဆို မိမိကျောင်းကသုံးတဲ့ Citation Styles  ကို အခက်အခဲမရှိ လိုက်နာနိုင်မှာ ဖြစ်ပါတယ်။

(၆) Thesis Statement ကောင်းကောင်းရေးတတ်ရမယ်။

ခိုင်မာအားကောင်းပြီး ၊ ရှင်းရှင်းလင်းလင်း ရှိတဲ့ Thesis Statement (ပင်မဝါကျ) ရေးတတ်ဖို့လိုတယ်။ ဒါမှသာလျင် မိမိရေးတဲ့ စာတမ်း၊ဆောင်းပါး၊ စာစီစာကုံး ဘယ်ဟာ မဆို ဦးတည်ချက်ကို တည့်မက်စွာ ရောက်အောင် တင်ပြနိုင်မယ်။ (ဒါနဲ့ ပတ်သက်ရင်တော့ “Essay ရေးတတ်ဖို့ 1-9 ဆောင်းပါးများ” မှာ အခြေခံလောက်တော့ မိတ်ဆက်ပေးထားပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း နောင်ကျရင် အ‌သေးစိတ်ရှင်းပြပါမယ်။ )

(၇) ဖွဲ့စည်းပုံကောင်းအောင်၊ ပုံစံတကျဖြစ်အောင်ရေးနိုင်ရမယ်။

Essay လား၊ paper လား၊ Article လား ...ဘာဖြစ်ဖြစ် ပညာရပ်နယ်ပယ်မှာတော့ သူ့သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ၊ ပုံစံရှိတယ်။ ဥပမာ _ Essay ဆို နိဒါန်း၊စာကိုယ်၊ နိဂုံး ပေါ့... ဒါတွေကလည်း တစ်ခုနဲ့ တစ်ခု အချိတ်ဆက်မိရတယ်။ ဒီထက်ပြောရရင် Essay နိဒါန်းမှာတောင် Hook/Paraphrase+transition+thesis statement စသည်ဖြင့်ပေါ့ ရှိ‌သေးတယ်။ (Essay အတွက် Hook+transition+thesis statement ကို “Essay ရေးတတ်ဖို့ 1-9 ဆောင်းပါးများ” မှာ အကြမ်းဖျဉ်းတင်ပြဖူးပါတယ်) (Comment မှာ Essay ရေးတတ်ဖို့ 1-9 ဆောင်းပါး Link တွေရှိပါတယ်။)

(၈) ပြန်လည်စစ်ဆေး၊ တည်းဖြတ်တတ်ရမယ်။

စစ်ဆေးစရာတွေ ဘာတွေလဲ သိရမယ်၊ စစ်တတ်ရမယ်။ ကိုယ်တင်ပြထားတဲ့ အဆိုတွေက ခိုင်မာရဲ့လား၊ thesis statement အတွက် ကိုယ်ပေးထားတဲ့ supporting တွေက ခိုင်လုံ valid ဖြစ်ရဲ့လား၊ အားကောင်း strongဖြစ်ရဲ့လား  စစ်ရတယ်။ သဒ္ဒါ၊ ဝါကျဖွဲ့ထုံး၊ သတ်ပုံ၊ ပုဒ်ဖြတ်ပုဒ်ရပ် စသည်အမှားစစ်ရတယ်။ဒီခေတ် နည်းပညာ သုံးလို့ရလာပြီ၊  ပိုမိုလွယ်ကူစေမယ့် tools တွေကို သိရမယ်။ အခြေခံ Microsoft word  ထဲက proofing ကစလို့ AI တွေ အထိ ကူနိုင်တာတွေများတယ်။

(၉) Plagiarism သူများစာခိုးတာရှောင်ရမယ်၊ ပညာရပ်ပိုင်းဆိုင်ရာမှာ ရိုးသားဖြောင့်မတ်မှုရှိရမယ်။

သူများစာကို ယူရင် စနစ်တကျ Credit ပေးကိုပေးရမယ်။ ဒါတောင် သုတေသနဆိုတာ  ကိုယ့်စာတမ်း ၂၀/၃၀ ရာနှုန်းအထက်ကျော်သွားတဲ့ အထိ သူများဟာတွေ မယူရဘူး။ အဲ့တာ သုတေသန မဟုတ်တော့ဘူး။ ယူတိုင်းမှာလည်း သတိကပ်ရတယ်။ ပညာရပ်နယ်သူခိုး ၄ မျိုး မဖြစ်အောင်ပေါ့။

- Direct Plagiarism သူများဟာတိုက်ရိုက်ကူးချတာ၊

- Paraphrasing Plagiarism: သူများစိတ်ကူး၊သူများဖော်ထုတ်ချက် သွားယူပြီး  ကိုယ့် စာသားနဲ့ ကိုယ်ပြောင်းရေး  credit မပေးပဲ ကိုယ့် စိတ်ကူးလိုလုပ်တာ

- Self-Plagiarism: အခြားသုတေသနစာတမ်း ထုတ်ဝေပြီးသား ကိုယ့်စာကို ခုရေးနေတဲ့နေရာမှာ အသစ်လိုလို ခပ်တည်တည် citation မပါ ပြန်သုံးတာ

- Accidental Plagiarism: အပေါ်က အချက်တွေ ကို မတော်တဆ လုပ်မိတာ (citation/paraphrasing သေချာ မသင်ရင်ဖြစ်တယ်)

အဲတာတွေမလုပ်ရဘူး။ စိတ်ထဲမှာကို က ရိုးဖြောင့်ဖို့ နံပတ်၁ ပဲ။

(၁၀) Academic Writing ရေးဟန် အမျိုးမျိုးကို လိုက်လျောညီထွေ လိုက်ရေးနိုင်ရမယ်။

မိမိကျင်လည်ရာ ပညာရပ်နယ်ပယ်၊ ကျောင်းအဖွဲ့စည်းအလိုက် သတ်မှတ် ချက် ဟန်တွေရှိတယ်၊  analytical essays, research papers, literature reviews, or lab reports စတဲ့ အရေးအသားအမျိုးမျိုးရှိတယ်။ အခြခံ အချက်တွေ သိပြီး၊တတ်ပြီးရင် ဒါတွေကိုလည်း လိုအပ်သလို လေ့လာ လိုက်နာ  ပြုပြင်ရေးသားတတ်ရမယ်။

(၁၁) ခက်ခဲရှပ်ထွေးတာတွေကို ရှင်းအောင် တင်ပြနိုင်ရမယ်။

ပညာရပ်ဆိုင်ရာ အရေးအသားဆိုတော့ နက်နက်နဲနဲ ခဲရာခဲဆစ်ကိုမှ တူးဆွ ရေးသားကြတယ်။ ဒါတွေကိုလေ့လာသုံးသပ်တင်ပြရာမှာတော့ ပညာရပ်ဆိုင်ရာဟန်လည်းမပျက်၊ အရပ်သုံးဟန်လည်း မဆန်ဘဲနဲ့ ရှင်းအောင် ရေးသားတင်ပြဖို့လိုတယ်။ ဒီတော့ ဘာတွေလိုသလဲ definition, explanation စတာတွေ ပိုင်နိုင်ရမယ်။ charts, graphs, infographics စတဲ့  Visual Aids တွေသုံးပြီးရှင်းပြတတ်ရမယ်။ case study ကာလသတ်မှတ်လေ့လာမှုစာတမ်းတွေက ရတဲ့  သာဓကတွေကို ယူသုံးတတ်ရမယ်စသည်။ လုံးထွေးနေတာတွေကို ကဏ္ဍ လေးတွေ ခွဲပြီး သူ့အပိုင်းလေးနဲ့ သူသေသေသပ်သပ်တင်ပြတတ်အောင် လေ့လာ လေ့ကျင့်ရတယ်။

(၁၂) အချိန်ကို စီမံတတ်၊ အစီစဥ်တကျလုပ်တတ်ရမယ်။

ဥပမာ IELTS Essay ရေးတာကို ကြည့်။  ရတဲ့ အချိန်ကို (Plan: 5 mins) + (Intro: 5 mins) + (Body: 20 mins) + (Conclusion : 5 mins)+ (Check: 5 Mins) သုံးသလို လိုမျိုးပေါ့။ သတ်မှတ်ချိန်ကို ကြည့်၊ ကိုယ့် အကြောင်းကို ကိုယ်သိပြီး အချိန်ကို ခန့်ခွဲ ၊ ဘာပြီး ဘာလုပ်မယ် အစီအမံနဲ့ လုပ်ရင် သောက နည်းမယ်။ အဲ့လိုမှ မဟုတ်ရင် စာတမ်းတစ်စောင် မျက်ရည် တစ်ပုံးလောက် ထွက်အောင် စိတ်ပင်ပန်းရတတ်တယ်။

(၁၃) နည်းပညာသုံးတတ်ရမယ်။

ဒါကတော့ အခန်းဆက်တွေရောက်မှ အသေးစိတ်‌လေ့လာတင်ပြပါ့မယ်။ AI တွေကို ထိုင်ရေးခိုင်း ရမှာတော့ မဟုတ်ဘူး‌နော်။ အခြေခံ အားဖြင့်ဆိုရင်

စာရိုက်စာစစ် Microsoft Editor, Grammarly, QuillBot

သိပ္ပံသုတေသနတွေဆို data analysis မှာ SPSS, Stata, R,

ပြီးတော့ citation တွေ မလွတ်ဖို့ Zotero, EndNote, and Mendeley

စာရှာမယ်ဆို : Google Scholar, R Discovery, Scopus, OATD

Literature review ဘာညာ ရေးတော့မယ်ဆို    ရှာထားတာတွေ Bard, GPT, Copilot, and Perplexity

AI တွေကိုပြ တူတူ ဆွေးနွေးရတာပျော်စရာတောင်ကောင်းတယ်။ ... စသည်ပေါ့လေ အများကြီးရှိပါတယ်။ Update ဖြစ်နေအောင်တော့ ကျွန်တော်ကျွန်မတို့လည်း လေ့လာနေရပါတယ်။ ဒီနေ့ မနက်ဖြန်တောင် မတူဘူး။ တိုးတက်တာတွေမြန်လွန်းတယ်။

(၁၄)ပူးပေါင်းဆောင်ရွက်တတ်ရမယ်၊ ပြောတတ်ဆိုတတ်၊ အဖွဲ့လိုက် ‌ဆောင်ရွက်နိုင်ရမယ်။

ခေတ်မီအဆင့်မြင့်ပညာ Higher Education ဆိုတာ ပွင့်လင်းတယ်၊ ပူးပေါင်းလုပ်ဆောင်နိုင်ရတယ်။ သူတပါးဆီ၊ ပညာရှင်တွေဆီက သုံးသပ်ပေးတာတွေကို တန်ဖိုးထားရယူဖို့လိုတယ်။ ကိုယ်ကလည်း တစ်ဖန်သူတပါးကို သုံးသပ်ဝေဖန်ကူညီရတယ်။ ပူးပေါင်းလုပ်ဆောင်တတ်ရတယ်။ ဥပမာ ပြောရရင် Interdisciplinary research မေဂျာ မတူသူတွေ ပူးပေါင်းလုပ်တဲ့ သုတေသနမျိုးဆိုပျော်ဖို့လည်းကောင်း ပညာလည်းရ။ အခြားမကြည့်လေနဲ့  AI ဆိုတာတွေသည်ပင် computer scientists, philosophers, ethicists, social scientists, linguists စတဲ့ နယ်ပယ်စုံ ပညာရှင်တွေ ရဲ့ ပူးပေါင်း၊ကြိုးစားမှု အသီးအပွင့်များဖြစ်ပါတယ်။

အထက်ပါ အချက်တွေပြည့်စုံဖို့ဆိုတာ သင်ယူလိုတဲ့ စိတ်ကို အရင်းတည်တာကပဓာနပါ။ သို့သော် ပုံမှန်လေ့လာရမယ်။ စနစ်တကျ သင်ကြားပေးတဲ့ ရပ်ဝန်းမှာ အချိန်အတိုင်းအတာ တစ်ခု ရင်းနှီးရပါတယ်။

တင်ပြခဲ့တာတွေကတော့ အများကြီးဖြစ်သွားပြီ။ EduBurma က ဆက်လက်ပြီး အခုလိုပဲ  Academic English ဆိုင်ရာလေးတွေ ရှင်းပြချက်+လေ့ကျင့်ခန်းလေးတွေပါ တင်ပေးဖို့ ကြိုးစားပါ့မယ်။

ခင်စန္ဒာဝင်း (EduBurma) နှင့် ရန်နိုင်စိုးညွန့် (EduBurma)  တို့ ပူးပေါင်းတင်ဆက်ပါသည်။

ကြော်ငြာလေးဖြစ်သွားပါပြီ။

ဒါတွေက သေချာ စနစ်တကျ အချိန်ပေးပြီး Academic English သင်တန်း တစ်ခုတက်၊ activities တွေ က်တက်ကြွကြွလုပ် ဆို ပိုမိုလွယ်ကူပါတယ်။

မိခင် ဘာသာစကား မဟုတ်တဲ့ ဘာသာစကားတစ်ခု ရဲ့ Academic Language ဆိုတာ သိနိုင်သုံးနိုင်ဖို့ ဘာသာစကားရော Academic ပိုင်းရော သင်ပေးတဲ့ Online  Academic English သင်တန်းတွေ EduBurma မှာ A2, B1 နဲ့ B1+ level တွေအတွက် Regular ဖွင့်ထားတာရှိပါတယ်။ Oxford English for Academic Purposes ဆိုတဲ့ Coursebook နဲ့ အခြားဖြည့်စွက် material တွေ သုံးပါတယ်။  အချိန် သုံးလေးလ လောက်နဲ့တော့ မရဘူးပေါ့နော်။ ဒါကြောင့်လည်း သင်တန်း ကြေးကိုလည်း 40000 Ks per month တော့ သတ်မှတ်ထားပေမယ့် သေချာ လိုက်သင်သူတိုင်း တက်နေရင်း အခက်အခဲ ရှိလာတာ ဆိုလည်း အကူညီတောင်းကာ အဆင်ပြေသလောက်ပေးလို့ ဖြစ်စေ Scholarship ယူလို့ဖြစ်စေ ဆက်တက်နိုင်တဲ့ မူချမှတ်ကျင့်သုံးပါတယ်။ ကြိုးစားသူတိုင်းအတွက်  ပညာရေးအာမခံပေါ့လေ။ Full/partial Scholarship တွေကို လည်း တကယ် လိုအပ် တဲ့ ကြိုးစားတဲ့ သူတွေအတွက် ပေးခဲ့ပါတယ်။ အခုတော့ အတန်းအများစုကလူပြည့်နေပါပြီ။ လူကလည်း ၁၅ ယောက်လောက်ပဲ လက်ခံတာကိုး။ အသစ်ဖွင့်တာ မကြာသေးတဲ့ A2 နဲ့ မကြာမီ ဖွင့်မယ့် B1 (Weekday) နှစ်ခုမှာတော့ မိမိတို့ Placement Test Result အလိုက်တက်နိုင်ပါတယ်။

References

1. Deane, M. (2013). Academic Research, Writing & Referencing. Routledge.

2. Joshi, Y. (2014). English for Academic Writing: A Helpful Dictionary for Researchers. Editage Insights.

3. Oshima, A., & Hogue, A. (2005). Writing Academic English. Addison-Wesley.

4. Swales, J., & Feak, C. (2012). Academic Writing for Graduate Students: Essential Skills and Tasks. Michigan University Press.

5. Sword, H. (2012). Stylish Academic Writing. Oxford University Press.

Essay ဆိုင်ရာဆောင်းပါးများ

Essay ရေးတတ်ဖို့ 1

https://m.facebook.com/story.php?story_fbid=203621512233474&id=100077568789254

Essay ရေးတတ်ဖို့ 2

https://m.facebook.com/story.php?story_fbid=203626025566356&id=100077568789254

Essay ရေးတတ်ဖို့ 3

https://m.facebook.com/story.php?story_fbid=203674662228159&id=100077568789254

Essay ရေးတတ်ဖို့ 4

https://m.facebook.com/story.php?story_fbid=203854842210141&id=100077568789254

Essay ရေးတက်ဖို့ 5

https://m.facebook.com/story.php?story_fbid=205300735398885&id=100077568789254

#Essayရေးတက်ဖို့ 6

https://www.facebook.com/100077568789254/posts/205694325359526/

Essayရေးတက်ဖို့ 7

https://m.facebook.com/story.php?story_fbid=252151577380467&id=100077568789254&mibextid=Nif5oz

Essayရေးတက်ဖို့ 8

https://m.facebook.com/story.php?story_fbid=253712197224405&id=100077568789254&mibextid=Nif5oz

Essayရေးတက်ဖို့ 9

https://m.facebook.com/story.php?story_fbid=254896247106000&id=100077568789254&mibextid=Nif5oz

#EduBurma

#AcademicEnglish

#AcademicWriting

#Essay

#Essayရေးတတ်ဖို့