Constructivism

Constructivism ဆိုတာ

သင်ကြားခြင်းနဲ့သင်ယူခြင်းပိုမိုထိရောက်စေဖို့

ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ  သုတေသီတို့ ပြောစကားများ (၃)

Constructivism

 

ကမ္ဘာ့ပညာရေးနယ်ပယ်မှာ  အပြန်အလှန်ဆွေးနွေး ပြောဆိုခြင်းတွေ ၊တက်ကြွစွာဆောင်ရွက်ရ ခြင်းတွေပါဝင်တဲ့  ကျောင်းသားကို ဗဟိုပြုတဲ့ ပညာရေးစနစ်ကို တွန်းပို့ပေးခဲ့တဲ့ ပညာရေးသီအိုရီတွေထဲက ထင်သာမြင်သာ ဥပမာတစ်ခုကတော့ Constructivism ဖြစ်ပါတယ်။

ဒီလေးခုမြောက်ဆောင်းပါးမှာတော့ ယေဘုယျ ပညာရေး အတွက်သာမက ဘာသာစကားသင်ကြားသင်ယူရေးအတွက်ပါ အလွန်အရေးပါတဲ့ ရှုမြင်ပုံ နဲ့ နည်းနာတွေ ပေးခဲ့တဲ့  Constructivism ကို တူတူလေ့လာကြပါစို့။

ဥပမာတွေကတော့ ဘာသာစကားသင်ကြားရေးဆိုင်ရာတွေ ဖြစ်ပေမယ့် အခြား ဘာသာရပ်တွေသင်ကြားသင်ယူရေးအသိအတွက်လည်း အထောက်အကူပြုမှာသေချာပါတယ်။

Constructivism in Language Teaching

သင်ယူသူတွေဟာ အသိပညာ၊နားလည်မှုတွေကို ကိုယ်တိုင်ပဲ တည်‌ဆောက်ကြတာဖြစ်တယ်၊ အဲ့လိုတည်ဆောက်ရာမှာလည်း တကယ့်အတွေ့အကြုံတွေ ရရှိဆောင်ရွက်တာ၊ အဲ့ ဒီအတွေ့အကြုံတွေအပေါ် ပြန်လည်သုံးသပ်တာတွေကို    အဓိကအားဖြင့်  သုံးရတယ် ဆိုတဲ့ ရှမြင်ပုံသည် Constructivism ပညာရေးအမြင်ပါပဲ။  (အသိ၊အတတ်ဆိုတာ ကျောင်းသား ကိုယ်တိုင် တည်ဆောက်ထားတဲ့ အဆောက်အဦးတွေပမာပါပဲ ) ဆိုတဲ့ သီအိုရီပေါ့။

ထူးခြားတာတစ်ခုက စိတ်ပညာရှင် ဆရာကြီး Piaget ဟာသူ့ခေတ်သူ့အခါ အလွန် အသုံးတည့်တဲ့ Cognitivism ကို ဝိုင်းဝန်းဖော်ထုတ်အပြီး ရပ်မနေခဲ့ ပါဘူး။ ပညာရေးအမြင်ပို ပြည့်စုံဖို့  Constructivism ဆိုတာပေါ်ပေါက်လာစေတာလဲ သူပါဝင်ပြန်တာပဲ။ အတုယူဖွယ်ကောင်းအောင် တစ်သက်လုံးသင်ယူနေတဲ့  စံပြဆရာ တစ်ဦး ဖြစ်ပါတယ်။

Constructivism က ဘာသာစကားသင်ကြားရေးမှာလက်တွေ့နည်းနာတွေ ပေးဖို့ အောက်ပါ နိယာမတွေကို အခြေခံ တင်ပြတယ်။

 

(၁) prior knowledge + active process

ဘာသာစကားသင်ယူခြင်းဆိုသည်မှာ မိမိ သိထားတတ်ထားတာ (Prior Knowledge and Skills)  ကို အခြေပြုပြီး အသစ်တွေ ထပ်သိ ထပ်တတ်အောင်  သင်ယူသူတွေ ကိုယ်တိုင် လုပ်ရတဲ့ တက်ကြွစွာဆောင်ရွက်ခြင်း လုပ်ငန်းတစ်ရပ် (active process) ဖြစ်တယ်။   (Piaget, 1954).

 

(၂) social interaction+ collaboration

ဘာသာစကားသင်ကြားရေးမှာ သူတစ်ပါး၊လူအများနဲ့ ပေါင်းသင်းပြောဆိုဆွေးနွေးခြင်း (social interaction) နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း (collaboration) ရှိစေဖို့ အမြဲအလေးထားရမယ်။  (Vygotsky, 1978)

 

(၃) environment + inner construction

 ဘာသာစကားသင်ကြားရေးဆိုတာ သိထားတာကို သုံးနိုင်တဲ့ အခြေအနေရှိမှုအပေါ် မူတည်နေတယ်။  ပြီးတော့ သိလာတတ်လာတာတွေဟာ  ပြင်ပ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးတာလည်းပါတဲ့  သင်ယူသူရဲ့  သန္တာန်မှာ သူကိုယ်တိုင် တည်ဆောက်နိုင်ထားတဲ့ အသိအတတ် အဆောက်အဦတွေ ဖြစ်တယ်။ (Bruner, 1996).

 

 

Application in Language Teaching

ဘာသာစကားသင်ကြားသင်ယူရေးမှာ အသုံးချပုံ

အောက်ပါ တို့ကတော့ Constructivism ကို အမြင်ကို အခြေပြုကာ ဘာသာစကားသင်ကြားကြပုံနည်းနာ အချို့ ဖြစ်ပါတယ်။

(၁) Problem-based Learning (ပြဿနာတစ်ရပ်ကို ဖြေရှင်းစေခြင်းဖြင့် သင်ယူ)

(၂)  Collaborative Learning (ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သင်ယူ)

(၃) Reflective Practice (သင်ယူသူတွေကိုယ် မိမိကိုယ်ကို မိမိသုံးသပ်ကာ သင်ယူ)

(၄) Task-Based Learning (လုပ်ငန်းတာဝန်တစ်ရပ်ပြီးအောင်ဆောင်ရွက်ရင်းသင်ယူ)

 

တကယ်တော့ အထက်ပါ လေးချက်စလုံးကို Cognitivism ဆောင်းပါးမှာ အတန်းထဲလုပ်ဆောင်စရာတွေ အပါအဝင် အသေးစိတ် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ (Link ကို Comment မှာ ပေးထားပါတယ်)

? ကဲ ဒါဆို Constructivism အရ ဘာထပ်ဖြည့်တင်ပြစရာရှိမလဲ...

Level မှန်ဖို့                                                                               

 Constructivism အရ ဆိုရင်   Language Level တစ်ခုရှိမှ သင်နိုင်တာတွေကို လည်း ဂရုစိုက်ဖို့ သိပ်အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ သင်ယူသူဟာ သူ့မှာ ရှိထားတာကို အခြေပြုပြီး ဆက်လက်တည်ဆောာက်ရတာကိုး။ ဒါကလည်း Schema Theory မှာ အကြံပြုခဲ့ပြီးပေါ့။

ဒီနေရာမှာ တော့ (i+1) hypothesis လို့ နာမည်ကြီးတဲ့ Stephen Krashen's Input Hypothesis  အရ တင်ပြလိုပါတယ်။ သူ့  အခြား Hypothesis  တွေလည်း‌နောက်ထပ်ဆွေးနွေးဖို့ ကြိုးစားပါမယ်။ input ရပြီးသား သူ့မှာ ရှိပြီးသား (i) ထက်ကို နည်းနည်းလေးမြင့်တာလေး (+1) ကို ထပ်ထပ်သင်သင်သွားရတာကို ဆိုလိုပါတယ်။ A1ရပြီးသားကို  ကို A2 သင်ခိုင်းပါ လို့တော့ အတိအလင်းကြီးမဆိုလိုပါဘူး။  သူ့  Hypothesis  တွေလည်း‌နောက်ထပ်ဆွေးနွေးဖို့ ကြိုးစားပါမယ်။ ဆိုလိုတာကတော့ သူ့ရှိပြီးသားလေး ထက်  အရမ်းကြီး မြင့်နေတာတွေ ကျောင်းသားကို သွားပေးမရဘူးဆိုလိုပါတယ်။

Placement Test တွေစစ်တဲ့ အခါ အမှတ်အနည်းအများသည် သူတို့ အခြေအနေမှန်သိရဖို့ ပဓာန ဆိုတာကို အထူးသဖြင့် မိဘတွေ ကို နားလည်အောင်သေချာ ပြောပြဖို့လိုမယ်ထင်ပါတယ်။

CEFR Level အကြောင်းလည်း EduBurma က‌ဆောင်းပါးတစ်ပုဒ်တင်ဖူးပါတယ်။ level တစ်ခုစီမှာ Guided study-hour ဘယ်လောက်လိုတာ က အစပေါ့  (Comment မှာ ကြည့်ပါနော်)

 

 

Graded Readers

သိထားတာတွေ အပေါ် အခြေပြုကာ ထပ်ထပ် သိအောင်တတ်အောင်လုပ်တယ် ဆိုတဲ့  Constructive Approach ကို ထင်သာ မြင်သာ ရှိတာကတော့ Graded Readers  တွေ ဖတ်ခြင်းလည်းအပါအဝင်ဆိုရမှာပါ။

စာဖတ်ခြင်းမှာ အခြားအကျိုးကျေဇူးတွေ များစွာ ရှိတာ အားလုံးအသိပါပဲ။ ဘာသာစကားလည်း တိုးတက်မယ်။ အသိပညာဗဟုသုတ စသည်လည်းရမယ်ပေါ့။

Graded Readers တွေ ဖတ်တဲ့ အခါ မိမိ Language Level နဲ့ ညီတဲ့ level ကစမယ် တဖြည်းဖြည်း Level မြင့်လာမယ်။ Dictionary မသုံးရဘူး အဓိပ္ပါယ်ကို Context ကနေ တွေးရတယ်။

Level လေးအကြမ်းဖျဉ်းသိချင်ရင် EduBurma Free Placement Test လေးစစ်ပါ။ ဖြေပြီးလို့ View Result ကိုနှိပ်ရင် ဘယ် level စာအုပ်ဖတ်ရမလဲ အကြံပြုထားတာကို မှတ်ထားပါ။  (Comment မှာ link ပါ)

ရလာတဲ့ level ပေါ်မူတည််ပြီး extensive reading foundation ရဲ့ 

https://freegradedreaders.com/ မှာ Level အလိုက် ဖတ်ရှုနိုင်ပါတယ်။

 

Constructivism တို့ Cognitivism တို့ဟာ  အတော်ကောင်းတယ်၊ အကျိုးများတယ်။ ဒါပေမယ့် လက်တွေ့လုပ်ဆောင်ရာမှာ  အခက်အခဲ စိန်ခေါ်မှုတွေ ရှိတတ်တယ်ဆိုတာကိုလည်း ပညာရေး သုတေသနတွေ က ဆိုပါတယ်။

ဆရာဆိုတာ အသိပညာပေးသူအဖြစ်ကနေ အသိပညာရအောင် အားထုတ်ရာမှာ ကူညီပေးသူ အဖြစ်ပြောင်းရတာဟာ ခက်ခဲမှုတစ်ရပ်ဖြစ်လေ့ရှိတယ်။ (Ertmer & Newby, 2013)

ဆရာ အတတ်သင်လေ့ကျင့်ရေး၊ သင်ကြားနည်းနာ သင်တန်း စသည်တွေ လုံလောက်မှ ကျောင်းသားဗဟိုပြု ပညာရေး စနစ်ဟာ အောင်မြင်နိုင်တယ်။ ဒါကို သာဓက ပြရရင် Jamaica ကျွန်း ပညာရေး စနစ်ပြောင်းလဲမှု case study တွေမှာ ဖတ်ဖူးပါတယ်။ လုံလောက်တဲ့ ဆရာ အတတ်သင်ကြားလေ့ကျင့်ခြင်း၊ စနစ်အသစ်ကို လိုက်ပါနိုင်အောင် လုံလောက်တဲ့ လေ့ကျင့်မှုဆရာ ဆရာမတွေ မရတဲ့ အခါ ကျင့်သုံးမရဘူးပေါ့။

ဒါ့အပြင် အကြီးမားဆုံးဖြစ်နိုင်ချေရှိတဲ့ အခက်အခဲ တစ်ခုရှိပြန်တယ်။ constructivism, Cognitivism စတဲ့  သီအိုရီတွေနဲ့ အညီ ခေတ်သစ် ပညာရေး စနစ်ကို အကောင်အထည်ဖော်ကျင့်သုံးဖို့ဆိုတာ ကျောင်းသားအလွန်များတဲ့ Class Size နဲ့ ဆိုလည်း အဆင်မပြေတာတွေ ရှိတယ် ။ အချိန်တွေ အများကြီးပေးရတယ်။ အတန်းကို စီမံခန့်ခွဲဖို့ ခက်တယ်။  (Duffy & Cunningham, 1996)

 

မည်သို့ပင်ဆိုစေကာမူပေါ့လေ ဆရာတစ်ဦးဟာ

·         ခေတ်နဲ့ အညီ  သင်ကြားနည်းနာတွေ လေ့လာနေတယ်

·         တစ်သက်တာသင်ယူနေတယ်

·         ဆရာတွေအချင်းချင်း Professional Development အတွက် ကူညီရိုင်းပင်း၊မျှဝေကြတယ်ဆိုရင်

 အဖြေတွေ ရှာတွေ့မှာ မုချပါ။

 

Graded Readers ဖတ်နည်းဆိုင်ရာလေးတွေနဲ့ Contextual Clues အကြောင်း တင်ပေးပါဦးမယ်။

Psycholinguistics Theory တွေကတော့ လေးခုအထိတင်ပြပြီးပြီပေါ့။ EduBurma အနေနဲ့

ဘာသာစကားသင်ကြားရေးဆိုင်ရာ သုတေသနအမြင်ဆောင်းပါးများကိုလည်း ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။

 

ခင်စန္ဒာဝင်း (EduBurma) နှင့် ရန်နိုင်စိုးညွန့် (EduBurma)  တို့ ပူးပေါင်းတင်ဆက်ပါသည်။

 

 

References

Brooks, J. G., & Brooks, M. G. (1993). In Search of Understanding: The Case for Constructivist Classrooms. Alexandria, VA: Association for Supervision and Curriculum Development.

Bruner, J. (1996). The Culture of Education. Cambridge, MA: Harvard University Press.

Duffy, T. M., & Cunningham, D. J. (1996). Constructivism: Implications for the design and delivery of instruction. In D. H. Jonassen (Ed.), Handbook of research for educational communications and technology (pp. 170-198). New York: Simon & Schuster Macmillan.

Ertmer, P. A., & Newby, T. J. (2013). Behaviorism, cognitivism, constructivism: Comparing critical features from an instructional design perspective. Performance Improvement Quarterly, 26(2), 43-71.

Fosnot, C. T. (Ed.). (2005). Constructivism: Theory, perspectives, and practice. New York: Teachers College Press.

Hmelo-Silver, C. E. (2004). Problem-based learning: What and how do students learn? Educational Psychology Review, 16(3), 235-266.

Johnson, D. W., & Johnson, R. T. (1999). Learning together and alone: Cooperative, competitive, and individualistic learning (5th ed.). Boston: Allyn and Bacon.

Piaget, J. (1954). The Construction of Reality in the Child. New York: Basic Books.

Stipek, D. (2002). Motivation to learn: Integrating theory and practice (4th ed.). Boston: Allyn and Bacon.

 

 

 

ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ Psycholinguistics Article များ Link

Nativism

https://m.facebook.com/story.php?story_fbid=pfbid09ZyxmqdjwGFqFcFDSndjaX78zMAj7ibxSRngJgry8DztNBXsyBCmJAa7SmSmYGNJl&id=100077568789254&mibextid=Nif5oz

Behaviourism

https://m.facebook.com/story.php?story_fbid=pfbid0UonZocX1eWsSJXXncCPpWDKxiuyp6JsXu2ycje38MXPZqFBGJXo8CxswJJVqFQ45l&id=100077568789254&mibextid=Nif5oz

Cognitivism

https://m.facebook.com/story.php?story_fbid=412659594662997&id=100077568789254&mibextid=Nif5oz

Academic English ဆိုင်ရာ ဆောင်းပါးများ

What is Academic Essay

https://m.facebook.com/story.php?story_fbid=pfbid0PeDtmhHD8Hz2fJUamrfPKW6prg99bvLTyN4KcvFCjcRQ8ZFjTEzWzTHnqFwnLpPTl&id=100077568789254&mibextid=Nif5oz

Academic ရေးဟန် (၁)

https://m.facebook.com/story.php?story_fbid=pfbid02mro9N6tsvVp4uecKfdJ2CSeLCwzg9q1kJkyRNoMbAormn1KBD6NWD14xJM2BAdTQl&id=100077568789254&mibextid=Nif5oz

 

 Essay ရေးနည်းလမ်းညွှန်ဆောင်းပါးပေါင်းချုပ်

Essay ရေးတတ်ဖို့ 1

https://m.facebook.com/story.php?story_fbid=203621512233474&id=100077568789254

Essay ရေးတတ်ဖို့ 2

https://m.facebook.com/story.php?story_fbid=203626025566356&id=100077568789254

Essay ရေးတတ်ဖို့ 3

https://m.facebook.com/story.php?story_fbid=203674662228159&id=100077568789254

Essay ရေးတတ်ဖို့ 4

https://m.facebook.com/story.php?story_fbid=203854842210141&id=100077568789254

Essay ရေးတက်ဖို့ 5

https://m.facebook.com/story.php?story_fbid=205300735398885&id=100077568789254

#Essayရေးတက်ဖို့ 6

https://www.facebook.com/100077568789254/posts/205694325359526/

Essayရေးတက်ဖို့ 7

https://m.facebook.com/story.php?story_fbid=252151577380467&id=100077568789254&mibextid=Nif5oz

Essayရေးတက်ဖို့ 8

https://m.facebook.com/story.php?story_fbid=253712197224405&id=100077568789254&mibextid=Nif5oz

Essayရေးတက်ဖို့ 9

https://m.facebook.com/story.php?story_fbid=pfbid02pKXZATjoi6tLqajAhNtsp6qgyPSKomCV5mUb219BnZaHcXEpejAgxbEvXuVibYCjl&id=100077568789254&mibextid=Nif5oz

 

#EduBurma     #Psycholinguistics        #TeachingandLearning #Language            #EnglishLanguageTeachingMethodology            #ELFSite.com