ခေါင်းစဉ်ကိုချဉ်းကပ်ရေးသားပုံ

Essay ရေးတတ်ဖို့ 9

(ခေါင်းစဉ်ကို သေချာ ချဉ်းကပ်ရေးသားတတ်ခြင်း)


အင်မတန် ဆိုးတဲ့ အလေ့အထ တစ်ခုရှိတယ်။ ဘယ်ခေါင်းစဉ်လာလာ ဒီတစ်ပုဒ်ထဲက ချရေးတတ်အောင် လုပ်ကြမယ်တဲ့။ ကလေးတွေက language အားနည်းတယ်လေ၊ ရေးတတ်အောင်သင်လည်း အချိန်ကမရ တတ်မှာလည်း မဟုတ်ဆိုပြီး သူတို့ စာမေးပွဲ အောင်မှတ်ရအောင် စာစီစာကုံးလေး ကျက်ထားတာလေးချရေးဖို့ အရေးကြီးမယ်လို့ သတ်မှတ်တဲ့ ခေါင်းစဉ်တွေ ကျက်ခိုင်းကြတယ်။

အဲံ့မှာ စတွေ့တာပဲ…

ဥပမာ ကျက်ထားကြတာက The importance of Growing Trees သစ်ပင်စိုက်ခြင်းရဲ့ အရေးပါပုံ

ဖြေရမယ့် ခေါင်းစဥ်က Trees are the lungs of the earth သစ်ပင်များသည် ကမ္ဘာမြေရဲ့ အဆုတ်များဖြစ်သည်။

ကျောင်းသားကလည်း ဆင်တူပဲဟ တိုးပြီဆိုပြီး ကျက်ထားတာချရေး စာမေးပွဲ အပြင်ရောက် အောင်ပွဲခံကြ.. တိုးတယ်ပေါ့…

တကယ်တော့ ကမ္ဘာအတွက် သစ်ပင်တွေ ရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ…

ခန္ဓာကိုယ်အတွက် အဆုတ်ရဲံ လုပ်ဆောင်ချက်က ဘာတွေလဲ…

ဘာလို့ သစ်ပင်တွေကို အဆုတ်နဲ့ တူတယ်ဆိုနိုင်သလဲ….

တွေးရမယ်… အကြမ်း ချရမယ်… ဆီလျော်တာမှ သုံးရမယ်။

တူတာလေးတွေ Compare လုပ်ရေးစေချင်တာလေ…

အဆုတ်တွေက ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ပေးတယ်… သစ်ပင်တွေ မရှိရင်လည်း ကမ္ဘာမြေ အောက်ဆီဂျင်မရဘူး….ဆက်ရှင်း…

အဆုတ်တွေက လေထဲက ကာဘွန်ဒိုင်အောက်ဆိုက်ကို  စစ်ထုတ်ပေးတယ်… သစ်ပင်တွေက လည်း လေထုထဲ အောက်ဆီဂျင်ပေးဖို့ ကာဘွန်ဒိုင်အောက်ဆိုက်ကို စစ်ယူလိုက်ကြတယ်… ဆက်ရှင်း

ကဲ အဆုတ်တွေ မရှိရင် လူလည်း ရှင်သန်မရသလို သစ်ပင်တွေ မရှိရင်လည်း  ကမ္ဘာမြေ သက်ရှိတွေရှင်သန်ဖို့ ခက်မယ်။ ဆက်ရှင်း…

 

စသည်ဖြင့်ပေါ့လေ….

တွေးရ ရေးရမယ်…

ပုံကြမ်းချရေး  တွေး brainstorm လုပ် ခေါင်းစဉ်နဲ့ဆီလျော်တာတွေးကို ရေးရမှာလေ…

အဲံလိုမှ မဟုတ်ပဲ The importance of Growing Trees သစ်ပင်စိုက်ခြင်းရဲ့ အရေးပါပုံ ထဲက ဘာမဆိုထည့်ရင်တော့ သူ့စာစီစာကုံးဟာ စာစီစာကုံးမှာ အရေးကြီးဆုံးဖြစ်တဲ့ Task response and relevancy မှာ ထိပြီလေ….

language ဘယ်လောက်ကောင်းအောင် ရေးထားရေးထား Task response and relevancy တန်ဖိုးဘာမှမရှိတာချည်းက relevant point ကို ရှိတဲ့ vocab/ Grammar လေး တွေနဲ့ ကြိုးစားရေးတဲံ့သူရမယ့် Score ကိုမီဘူး….

ခေါင်းစဉ်နဲ့ မေးခွန်းနဲ့ လွဲနေတာကြီးက အရေးအကြီးဆုံး Originality မရှိတော့တာကလည်း ဖုံးမရ ဘူးလေ။

language ဆိုင်ရာက သပ်သပ် ဆွေးနွေးပါဦးမယ်။

Essay ရေးတယ်ဆိုတာ ကျောက်စလစ်တွေ့ကရာကောက်တာ မဟုတ်ဘူး ၊ တွေ့ရာကျောက်ရောက်တတ်ရာရာ ပါပြီးရော လုပ်မရဘူး။ ပတ္တမြားတောင်ထိပ်ရောက်လို့  များလှပေသည့် ပတ္တမြားတွေထဲက ကိုယ်နိုင်သလောက် အဖိုးတန်တာရွေးသယ်ရသလိုမျိုးပါ။

Brainstorming/ mind mapping အချိန်ပေးလို့ ရေးရပါတယ်။ ဒီအလေ့အထတွေ ရှိရပါမယ်။ လေ့ကျင့်ရပါမယ်။ ရှိတဲ့ language နဲ့ ရနိုင်သမျှ အမှတ်တွေ score တွေ ဒါမှ မဆုံးရှံးမှာနော်

Writing သင်တဲ့ အတွေ့အကြုံတွေထဲက သိပ်ပြင်ပေးရတဲ့ ကိစ္စကို ဆွေးနွေးပေးတာပါခင်ဗျာ…

 

ဆက်လက်မျှ‌ဝေပါ့မယ်။

Yan Naing Soe Nyunt & Khin Sandar Win