Paragraph ရေးနည်း

Essay ရေးတတ်ဖို့ (၂)

Paragraphs ရေးနည်း


Essay ရေးတတ်ဖို့ဆိုရင် Paragraph တစ်ခုရဲ့ Structure ကိုလည်းသိရတယ်။ Sentence တစ်ကြောင်းမှာ Subject Verb တွေဟာ Sentence ရဲ့မပါမဖြစ် အစိတ်အပိုင်းတွေဖြစ်သလို Paragraph စာပိုဒ်တစ်ခုမှာလည်း အပိုင်း ၃ ခုပါတာ သိထားရမယ်။

1. A Topic Sentence

2. Supporting Information (examples and details)

3. A Concluding Sentence

 

Topic Sentence စာပိုဒ်ရဲ့ အဓိက အကြောင်းအရာ ဝါကျ

My mother is very hardworking.

Supporting Detail i အထောက်အပံ့ဝါကျ ၁

First, she always gets up early in the morning.

Supporting Detail ii အထောက်အပံ့ဝါကျ၂

And she not only does the housework but also goes to work everyday.

Supporting Detail iii အထောက်အပံ့ဝါကျ ၃

Moreover, she ....

……..

 

Concluding/Closing Sentence နိဂုံးဝါကျ This is one of the reason why she is my ideal person.

 

Topic Sentence ဆိုတာက စာပိုဒ်ရဲ့ အဓိက ဝါကျပါ။ Topic Sentence က

(၁) စာပိုဒ်ရဲ့ အဓိကအကြောင်းအရာကို ပြောပြတယ်။

(၂) စာပိုဒ်ရဲ့ ပထမဆုံးစာကြောင်း ဖြစ်လေ့ရှိတယ်။

(၃) သူ့မှာ အကြောင်းအရာ Topic နဲ့ + ဝါစကအချက်များ Controlling Idea ဆိုပြီး အပိုင်း ၂ ခုပါတယ်။

(၄) မှန်ကန်ပါတယ်ဆိုတာကို ဆက်ရှင်းပြမရတော့ မယ့်စာကြောင်း ၊ သာဓက ထပ်ဆောင်ဖို့ မလွယ်တဲ့စာကြောင်းမဖြစ်ရဘူး။

 

Task

ဥပမာ အောက်က ဝါကျ နှစ်ကြောင်းမှာ ဘယ် ဝါကျက Topic Sentence ဖြစ်သင့်တယ် ဆိုတာကို ဆုံးဖြတ်ကြည့်ပါ။

A. Smith is an actor born in 1982.

B. Smith is the best actor I have ever seen.

Discussion

ဝါကျ Aက အချက်အလက်ဟာ မှန်ပါတယ် ဆိုပြီး စာပိုဒ်ထဲ ဆက်သက်သေပြစရာ မလိုဘူး။ factual အရမ်းဖြစ်တာဖြစ်တဲ့ အတွက် Topic Sentence မဟုတ်ပါ။

ဝါကျ B ကတော့ ဆက်ပြီး ရှင်းပြရမယ်။ အကြောင်းပြချက်ဆက်ပေးရမယ်။ အဲလိုဆက်ရေးနိုင်ဖို့ လမ်းက ပွင့်နေပါတယ်။ ဒါကြောင့် Topic Sentence ဖြစ်ပါတယ်။

A. Smith is an actor born in 1982. (Why...? no need to prove)

B. Smith is the best actor I have ever seen. (Why...? >>>We can prove...)

 

Supporting Sentence စာကြောင်းတွေကတော့ topic sentence မှန်ကန်ပါကြောင်း တင်ပြတဲ့ ဥပမာ example တွေ၊ အကြောင်းပြချက် Reason တွေ၊ အသေးစိတ်ရှင်းပြချက် Detail Explanation တွေ ဖြစ်တယ်။

 

Concluding/Closing  Sentence က စာပိုဒ်ကို အနှစ်ချုပ်ပေးတာမျိုးလည်း လုပ်ရင်လုပ်တယ်။ ထင်မြင်ချက်လေးပေးလိုက်တာမျိုး လည်းလုပ်နိုင်တယ်။ အဓိကကတော့ စာပိုဒ်ပါ အကြောင်းအရာလေးကို အဆုံးသတ်ပေးတဲ့ စာကြောင်းပါပဲ။


ဆက်လက်ဖတ်ရှုရန်

Supporting Details အကြောင်း

 

Essay ရေးတတ်ဖို့ 1

https://m.facebook.com/story.php?story_fbid=203621512233474&id=100077568789254

 

Essay ရေးတတ်ဖို့ 2

https://m.facebook.com/story.php?story_fbid=203626025566356&id=100077568789254

 

Essay ရေးတတ်ဖို့ 3

https://m.facebook.com/story.php?story_fbid=203674662228159&id=100077568789254

 

Essay ရေးတတ်ဖို့ 4

https://m.facebook.com/story.php?story_fbid=203854842210141&id=100077568789254

 

Essay ရေးတက်ဖို့ (5)

https://m.facebook.com/story.php?story_fbid=205300735398885&id=100077568789254

 

#Essayရေးတက်ဖို့ (6)

https://www.facebook.com/100077568789254/posts/205694325359526/

 

 

ဆက်လက်မျှဝေပါဦးမယ်ခင်ဗျာ...။

ပွင့်သောပန်းတိုင်း လန်းပါစေသား

မေတ္တာဖြင့်

ရန်နိုင်စိုးညွန့်

 

 

Essay အခြေ ခံကျကျရေးတတ်စေမယ့် သင်တန်း

https://m.facebook.com/story.php?story_fbid=204367048825587&id=100077568789254