Idea မရှိတဲ့ ပြဿနာဖြေရှင်းဖို့

Essay ရေးတတ်ဖို့ 7

(ဘာရေးရမလဲ မသိဘူးလား...)


Essay ရေးတတ်ဖို့ လိုအပ်တဲ့ သိသင့်တာတွေ၊ လေ့ကျင့်ခန်းတွေ ကို Essay ရေးတတ်ဖို့  1- 6 post တွေနဲ့ ရေးခဲ့ပြီးပါပြီ။ ဒီတစ်ခါကတော့ Writing သင်တန်း အမျိုးမျိုး  physical class ရော online class ပါ သင်ရင်း တွေ့ ခဲ့ ရတဲ့ သင်တန်းသားတွေကြုံရတဲ့ ပြဿနာလေးတွေ နဲ့ အကြံပြုချက်လေးတွေကိုမျှဝေ တင်ပြမယ်ခင်ဗျာ့။

၁။ ကြုံဖူးသမျှ သင်တန်းသားတွေကို သင်တန်းအစ KWL Chart နဲ့ အမြဲ စစ်တမ်းကောက်လေ့လာတဲ့ အခါ ကျောင်းသားတွေ အတွက် Essay ရေးတဲ့ အခါ အဓိကကြုံရတဲ့  ပြဿနာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဒါကသူတို့ပြောတာနော်... ဆရာအမြင်နဲ့ သူတို့တွေ အကြုံဆုံးပြဿနာတွေနဲ့ အကြံပြုချက်တွေကို  သီးသန့်ထပ်တင်ပြပါ့မယ်။

၁။ ဘာအကြောင်းအရာ ရေးရမလဲ မသိဘူး

အဲ့ Ideas and Issue ကိစ္စက ကျောင်းသားတွေ အတွက် စာမေးပွဲတွေ အချိန်သတ်မှတ်ချက်နဲ့ ရေးရတဲ့ အခါမျိုးဆို ပို ခက်ကြတယ်လို့ ဆိုသေးတယ်။ ရေးစရာ စာလုံး တွေ English လို မသိတဲ့ ကိစ္စက သီးခြား ကိစ္စနော်။ အခုက Language လေး ထိုက်သင့်သလောက်ရှိ... သူတို့ ရေးထွက် သင့်တဲ့ topic လေးတွေ မှာတောင် ရေးဖို့ တွေးမရတာတဲ့။

အဲ့ဒီကိစ္စအတွက် အောက်ပါ အကြံတွေ ပေးလိုပါတယ်။

က။ စာများများဖတ်ပါ။ 

"How to save the environment" ဒီလို topic မျိုးမှာ အဲ့ topic ဆိုင်ရာ စာတွေ ဆောင်းပါးတွေ ဖတ်ထားတဲ့ အသိ မပါပဲ ရေးဖို့ ခက်မှာပေါ့။ စွမ်းအင်တွေ ချွေတာ သုံးစွဲကြမယ်၊ pollution တွေ လျှော့ချဖို့ ကြိုးစားကြမယ် စသည်စသည်ပေါ့ တစ်ဦးချင်းအလိုက် ၊ နိင်ငံ အလိုက် လုပ်နိုင်တာတွေ သိထား ဖတ်ထားဖူးရင်တော့ ဒီကိစ္စ ဘယ်ခက်မလဲ။ ...ကဲ အဲ့ဒီလိုဆို ဘာစာတွေ ဖတ်ရမလဲ ဘယ်လိုဖတ်ရမလဲ ကျတော်ကတော့ သင်တန်းလာရင် အတွေ့ရများတဲ့ A2 - B2 လောက် ထဲက ကျောင်းသားတွေ ဖတ်ဖို့ အားပေးတဲ့ စာအုပ်လေးတွေက

Oxford Read and Discover (Level 1 to 6) သူကတော့ ဗဟုသုတလည်းရ Language လည်းရ အတော်ကောင်းပါတယ်။ level အလိုက်ရှိတာမို့ သင့်တော်ရာ level က စဖတ်နိုင်ပါတယ်။ EduBurma ရဲ့ သင်တန်းသားတွေကတော့ Online Library  ထဲမှာ Level Test ရော စာအုပ် ၅၈ အုပ်စလုံးပါ ရှိပါတယ်။ သင်တန်းသားမဟုတ်လည်း Telegram မှာ Oxford Read and Discover လို့သာ ရိုက်ရှာကြည့်ပါ၊ Free တင်ထားတဲ့ channel တွေ ရှိတယ်ဗျာ့ (တိုးတိုးနော်) ကွန်မန့်မှာ  ကြည့်။

 အဲ့လို သိသင့်တာလေးသိဖို့ တစ်စုတစ်ဝေးထဲ တစ်အုပ်ထဲနဲ့  ဖတ်ချင်ရင် သိပ်မလွယ် မခက် B1-B2 စာအုပ် တစ်အုပ် ညွှန်းချင်တယ် DK children  encyclopedia တဲ့ သူကလည်း B1 - B2 လောက်ရှိသူအဖို့ Essay ရေးဖို့ သိထားသင့်တဲ့   ideas and issues, vocabulary တွေရစေမှာပါ။ pdf drive မှာ ရှာကြည့်နော်... တိုးတိုးလေးပြောရရင်တော့ ကွန်မန့် မှာကြည့်။

ခ။ Essay Title, Essay မေးခွန်းတွေမှာ ပါတဲ့ Key Words တွေနဲ့ သူတို့ ရဲ့ collocation တွေ ကို သိအောင်လုပ်ပါ၊ ရေးစရာ အများကြီး ရ လာလေ့ရှိပါတယ်။

 ဥပမာ...The Impacts of Social Media .... ဆိုပါစို့ နော်...

Impacts ဆိုတဲ့ စာလုံးကို collocation dictionary ရှာကြည့်လေ...

social impacts, political impacts, health impacts, negative impacts, positive impacts ...

long term impacts, short term impacts,.... အို အဲ့တာတွေ့သမျှတွေးကြည့်ရေးကြည့်ပေါ့လူမှုရေးပိုင်းဆိုင်ရာ သက်ရောက်မှု.. နိုင်ငံရေး.. ကန်းမာရေး... စီး'ပွားရေး....စုံလို့... ကောင်းတဲ့ သက်ရောက်မှု ... ဆိုးတဲ့ သက်ရောက်မှု....

အများကြီး တွေးစရာထွက်လာတာ....

စာမေးပွဲထဲ တွေးမရဖြစ်နေလဲ ...အဲလိုစတွေးကြည့်ပေါ....

ဂ။ sample essay တွေ ဖတ်ပေါ့... ဥပမာ ieltsliz.com ပေါ့။


ဒီလောက်နဲ့ နားမယ်နော်။ ဆက်လက်မျှဝေပါ့မယ်...

Yan Naing Soe Nyunt & Khin Sandar Win


ဆက်လက်မျှဝေပါဦးမယ်ခင်ဗျာ...။


Writing Special Level 1, 2 အခြေခံက စ အေးဆေး သင်လိုသူများအတွက် ၃ လ သင်တန်း

https://m.facebook.com/story.php?story_fbid=pfbid02k4EAKisuoofowMVfrNpoNtXHtUXgDdrPqDtiZCp3rfNRcz5v56mSCCVLcc9j61zDl&id=100077568789254&mibextid=Nif5oz



Essay Writing Course  အခြေခံ အသင့်အတင့် ရှိပြီးသား' စနစ်တကျ သေချာ သိလို ရေးတတ်လိုသူများအတွက် ၂ လ သင်တန်း

https://m.facebook.com/story.php?story_fbid=pfbid02dgDxpKUaLGAStYhL2d7YhvF9t1tMetsaG3Mx5fESiEYJHbq9kFFVQsEoER94VQc1l&id=100077568789254&mibextid=Nif5oz



အခြေခံ သိပ်အားနည်းရင်တော့ Grammar for Communicative Purpose level 1, 2 က စနော်...

https://m.facebook.com/story.php?story_fbid=pfbid02P2EzSxNeqBKY2Ba2vv98BB2EMfV2pJ2dP6RFBXtsFqnvAA9qctP5Lifvmn3fYPL6l&id=100077568789254&mibextid=Nif5oz