Thesis Statement

Essay ရေးတတ်ဖို့ (၆) 

Thesis Statement (Essay ၏ ပင်မစာကြောင်း)

 

Essay ရေးတတ်ဖို့ (၆) 

Thesis Statement (Essay ၏ ပင်မစာကြောင်း)

 

Essay ရေးတဲ့အခါ နိဒါန်းရဲ့ နောက်ဆုံးအကြောင်း (ရေးလေ့အရှိဆုံးနေရာ) မှာ  Essay ရဲ့ အရေးကြီးဆုံးစာကြောင်း thesis statement ပါရတယ်။ 

အဲဒီ Thesis statement စာကြောင်းဟာ_

1. Essay ရဲ့ လားရာကို ထိန်းပေးတယ်။

2. ဒီစာကြောင်းဖတ်တာနဲ့ essay ရေးတဲ့ သူဟာ ဘာတင်ပြတော့မယ်ဆိုတာသိနိုင်တယ်။ 

3. essay ရဲ့ Body မှာ ပါဝင်မယ့် အကြောင်းအရာတွေရဲ့ အနှစ်လို့လည်း ပြောလို့ရပါတယ်။

4. သက်သေပြလို့ရတဲ့ ဆက်ရှင်းပြလို့ရတဲ့ အဆိုတန်ဖိုးရှိ ဝါကျဖြစ်ရမယ်။

5. အရေးကြီးဆုံးအချက်က ဖြေခိုင်းတဲ့ Essay ခေါင်းစဉ် နဲ့ ဆီလျော်မှုရှိရမယ်။ 

 

အဲဒီ Thesis Statement စာကြောင်းဟာ

စာကိုယ်မှာရေးမယ့် topic sentence မဖြစ်ရဘူး။ (topic တွေအကုန်ခြုံမိစေမယ့် စာကြောင်းမျိုးသာဖြစ်ရမယ်။)

ဆက်ပြီးသက်သေပြစရာကို မလိုတော့တဲ့ Mg Mg is a student လိုစာကြောင်းလည်းမဖြစ်ရဘူး။

 

Thesis Statement မပါတဲ့ Essay ဟာ မောင်းသူမရှိတဲ့ ရွက်မပါတဲ့လှေလို ရောက်ချင်ရာရောက်ပြီး organization အတွက် အမှတ်မရနိုင်တာကို သေချာမှတ်သားစေလိုပါတယ်။ Idea map ဆွဲပြီးတာနဲ့ Thesis statement ကလေး အကြမ်းမှာ ချရေး ပြီး Revise လုပ်ပြီးမှ Essay စ ရေးကြပါနော်။

 

ကဲ လေ့ကျင့်ခန်းလေး တစ်ခုတူတူ လုပ်ရင်း အကဲဖြတ်ကြည့်ရအောင်.....

Task

ဥပမာလေးတစ်ခုကြည့်ပါ။

 စာစီစာကုံးခေါင်းစဉ်က The pros and cons of keeping pets

အဲ့ခေါင်းစဉ်မှာ ရေးရမှာက အိမ်မွေးတိရစ္ဆာန်တွေမွေးခြင်းရဲ့ အကျိုးအပြစ် 

ဒီတော့ အောက်က ဝါကျတွေမှာ ဘယ်ဟာ Thesis Statement ဖြစ်သင့်မသင့်စဉ်းစားကြည့်ပါ။ 

?

(A) There are both advantages and advantages that we can gain from keeping pets.

(B) Keeping pets can make us happy. 

 

Discussion

Thesis statement အဖြစ် Essay ရဲ့ နိဒါန်းနောက်ဆုံးအကြောင်းမှာပါသင့်တာ ဝါကျ A ပေါ.။ 

ဘာကြောင့်လဲ...

 ဝါကျ B ဟာ topic sentence မျှသာဖြစ်တယ်။ 

essay body မှာပါမယ့် အကြောင်းအရာတွေကိုလည်း မခြုံမိဘူး။ 

ခေါင်းစဉ်က ရေးစေချင်တာကိုလည်း အပြည့်အစုံမကိုက်ညီဘူး။

 

ဝါကျ A ကတော့  ခေါင်းစဉ်က ရေးစေချင်တာနဲ့ လည်း ကိုက်ညီတယ်။

 essay body မှာပါမယ့် အကြောင်းအရာတွေကိုလည်းခြုံမိတာကိုး။ 

 

ဆက်လက်လေ့ကျင့်စရာအတွက် အကြံပြုချက်

Thesis Statement ရေးတတ်ဖို့ အတွက် နမူနာ Essayကောင်း တွေရဲ့  thesis statement တွေကို လေ့လာကြည့်ပါ။ ပြီးတော့ အဲဒီ thesis statement  တွေကို  Topic Sentences တွေက ဘယ်လို ချိတ်ဆက် Supporting  လုပ်သွားသလဲ လေ့လာကြည့်ကြပါ။

Comment မှာ လေ့ကျင့်စရာလေ့ကျင့်ခန်းလေး Link ပေးထားပါတယ်။

(ကျောင်းသား/သူလေးတွေ ဖတ်ခွင့်ရအောင် မျှဝေပေးကြပါနော်)

 

ပွင့်သောပန်းတိုင်း လန်းပါစေသား

မေတ္တာဖြင့်

ရန်နိုင်စိုးညွန့်