Brainstorming
(Essay ရေးဖို့ အခြေခံအကျဆုံးအဆင့်)
Essay ရေးတတ်ဖို့ (၄)
Brainstorming (Essay ရေးဖို့ အခြေခံအကျဆုံးအဆင့်)
Essay တော့ရေးချင်ပါရဲ့ ခေါင်းစဉ်ကို ကြည့်ပြီး ဘာရေးရမလဲကို မသိဘူးဆိုသူများအတွက် Brainstorming က အတော်အထောက်အကူ ပြုမှာပါ။ တချို့တော့ စာလုံးပေါင်းတွေ မသိဘူး။ ရေးကို မရဘူးဆိုကြတယ်။ တကယ်တော့ သူငယ်တန်းကစလို့ ဆယ်တန်းအထိ အင်္ဂလိပ်စာသင်လာတာ နှစ်ပေါင်း ၁၁ နှစ်ရှိပါတယ်။ ကျောင်းသားတိုင်းဟာ မသုံးဖြစ်လို့ ဦးနှောက်နောက်ခြမ်းမှာ မှိုတတ်နေတဲ့ အင်္ဂလိပ်ဝါဟာရ (Passive Vocabulary) တွေ အနည်းနဲ့ အများ ရှိတယ်။ အကြောင်းအရာတစ်ခုအပေါ် Essay လေးတစ်ပုဒ် ကောင်းကောင်းမကောင်းကောင်း ရေးနိုင်ဖို့ အထိတော့ ရှိကြပါတယ်။ နမူနာ Essayတွေ ဖတ်ကျင့် ရှိတဲ့ သူဆိုရင်တော့ အထူးပူစရာမလိုဘူးပေါ့။
Brainstorming ဆိုတာ Essay ထဲမှာ သုံးဖို့ စိတ်ကူး Idea တွေ+ ဝေါဟာရ Vocab တွေ ကို စဉ်းစားချရေးခြင်းပါ။
မြန်မာကျောင်းသားအများစု မလုပ်ဖြစ်ကြတဲ့ Essay ရေးတဲ့ အခြေခံ အဆင့်ပါပဲ။ ကျက်ဖြေအဆင့်က လွတ်ဖို့ အရေးအကြီးဆုံး ကိစ္စပါ။
Brainstorming လုပ်ကြပါ။
“ Essay ကိုယ်တိုင်ရေးကြပါ
ကျစ်ကျစ်လစ်လစ်လေးရေးကြပါ
ရောင်းတမ်းစာအုပ်တွေက ကျက်ထားတာတွေကို တူမယ်ထင်တဲ့ ခေါင်းစဉ်မှာ မဆီမဆိုင်ချရေးတာမလုပ်ကြပါနဲ့“
ဆိုတာဆရာကြီးဆရာမကြီးတွေ ပြောနေမှာနေကြစကား လို့ ယုံမှားမရှိမှတ်ပါ။ ကျက်ပြီး ခေါင်းစဉ် ဒဲ့ပါလို့ တစ်လုံးမကျန် ပြန်ရေးနိုင်ရင်တောင် Creativity လုံးဝမဲ့နေတဲ့ Essay ဟာ အမှတ်ကောင်းကောင်းမရပါ။
ဟုတ်ပြီ။ ကိုယ်တိုင်ဖန်တီးတဲ့ ၂၁ ရာစုကျောင်းသားဖြစ်ဖို့ Brainstorming ဘယ်လို လုပ်ကြမလဲ ?
Essay ခေါင်းစဉ်ဖတ်ပါ။
တစ်မိနစ်လောက် စဉ်းစားပါ ခေါင်းစဉ်က ဘာရေးစေချင်တာလဲ ။ဘာတွေ ရေးလို့ရလဲ။ ဘာနဲ့ဆိုင်သလဲ။
ခေါင်းထဲ ပေါ်လာသမျှ စာလုံးတွေ အချက်အလက်တွေချရေးပါ။
ကိုယ့်ကိုကိုယ် Essay ရဲ့ အကြောင်းအရာနဲ့ စပ်ဆိုင်တဲ့ Wh/H Question တွေမေးပါ။
ကိုယ်ခေါင်းထဲပေါ်လာတဲ့ အကြောင်း အရာတွေကို Idea map လေးချရေးပါ
ဥပမာ - ခေါင်းစဉ်က Pros and Cons of Keeping Pets စဉ်းစားပုံလေး ..
ကဲ... pets ဆိုတာ ဘာတွေလဲ (what ?) >>>> dogs, cats, fish etc..
keeping pets တိရစ္ဆာန်မွေးရင် ဘာကောင်းကျိုး ဆိုးကျိုး ဘာတွေရလဲ။
*happiness ပျော်ရွှင်မှု>>>> Why...? ဆက်စဉ်းစား
*overcoming loneliness (အထီးကျန်မဖြစ်) Why...? >>>> Why...? ဆက်စဉ်းစား
*helpful (အဖော်ရတယ်) >>>> Why...? ဆက်စဉ်းစား
kindness (ကြင်နာဂရုစိုက်တတ်လာမယ် >>>> How/Why...? ဆက်စဉ်းစား
ဆိုးကျိုးလေးတွေက ဘာလဲ။
(ကျန်းမာရေးအတွက် မကောင်းတာလေးထည့်ပါ) unhealthy Why...?... ဆက်စဉ်းစား
responsibility (ဂရုစိုက်တာဝန်ယူရတယ်) Why...?... ဆက်စဉ်းစား
Dangerous (အန္တရာယ်ရှိတယ်)>>>> Why..? ... ဆက်စဉ်းစား
အဲဒီလို တွေးရင်း တွေးရင်း ချရေးရင် Idea Map လေး ထွက်လာရော။
အဲတာလေးကိုအခြေပြုရေးပေါ့
ဘာမှ Plan မလုပ်ပဲတောင်ရေးမြောက်ရေးလုပ်...တောင်ရောက်မြောက်ရောက် ...အရက်မူးသိုင်းက ရေးနေတာထက် အများကြီးထိရောက်ပါတယ်...
စမ်းကြည့်ကြပါ။
Brainstorming လုပ်ရာမှာ Idea Mapတင်မက အခြား brainstorm လုပ်နည်းတွေရှိပါသေးတယ်။ ဥပမာလေးအနည်းငယ် ဆက်လေ့လာကြည့်ပါ။
ဆက်လက်မျှဝေပါဦးမယ်ခင်ဗျာ...။
ပွင့်သောပန်းတိုင်း လန်းပါစေသား
မေတ္တာဖြင့်
Essay အခြေ ခံကျကျရေးတတ်စေမယ့် သင်တန်း
https://m.facebook.com/story.php?story_fbid=204367048825587&id=100077568789254