Body of the Essay and Cohesive Devices
Essay ရေးတတ်ဖို့ (5)
Body of the Essay and Cohesive Devices
နိဒါန်းလည်းကောင်းကောင်းရေးတတ်ပြီဆိုတော့ Body of the essay ကိုလေ့လာကြစို့ ။
(*ပုံလေးတွေ လိုရင်သုံးဖို့ save ထားနော်၊ အဲလို လေးတွေထပ်တွေ့ရဖို့ page လေး လည်း like လုပ်ထားလို့ရပါတယ်။)
(၁) အရေးကြီးဆုံးအချက်ကစပြောမယ် Body of the essay သည် Thesis Statement ပါအကြောင်းအရာကို Support လုပ်နေရမယ်။ ပြောပြီးသားကိုထပ်ထပ်ပြော အရက်မူးလို့ ရစ်သလို ပတ်ချာလည် နေလို့မရဘူး။ ကျောင်းသားအများစု essay ရေးတဲ့ အခါ စာလုံးရေများအောင်ဆိုပြီး အဲလိုထပ်ထပ်ရေးကြတယ်။Brainstorming မလုပ်ရင်တော့ သေချာတယ် ။ အဲလိုထပ်နေတာပဲ။ အဲဒီတော့ အမှတ်က ရသင့်သလောက်မရဘူး ။ကျစ်ကျစ်လစ်လစ် organization ရှိအောင် ရေးဖို့ ဆိုတာက Brainstorming လုပ်ပြီးရေးရတယ်။
ဥပမာ Places of Recreation in Myanmar ရေးတယ်ဆိုပါဆို့။
Brainstorming နဲ့ Gist ထုတ်ထားတဲ့သူဆို အောက်မှာပေးထားသလို Idea အဆင်သင့်ရှိနေမှာပေါ.
*Beaches
*Lakes
*Country Side
*Recreation Centres
*Mountain Resorts
တစ်ခုဆီမှာ ဘာလုပ်လို့ရတယ်။ ဘာတွေရှိတယ်။ ဘယ်လိုအပန်းဖြေလို့ရတယ်ဆိုပြီး ၄/၅ ကြောင်းဆွေးနွေးရင်တောင် အတော် အလုပ်ဖြစ်ပြီလေ။
(၂) နောက်တစ်ချက်က Cohesive Device အဆက်စပ် စာလုံးတွေလည်းသုံးရတယ်။ ပထမဆုံး Beach တွေ အကြောင်းပြောမယ်ဆိုတာနဲ့ First of all, there are many beautiful beaches in Myanmar… အဲလိုစရေး ဒီ Topic လေးဆုံးသွားတော့
Moreover, Myanmar also has azure lakes ….. အဲလိုလေးဆက်ပြီးမှ ဆက်ရေးပေါ့။
နောက်ဆုံးအချက်ကလေးတင်ပြမယ် ဆိုရင်လည်း Finally တို့ ဘာတို့နဲ့ စပေါ့။ ကျန်တာကိုတော့ Cohesive Device and Useful Phrases များဆိုတဲ့ ခေါင်းစဉ်မှာ အသေးစိတ်လေ့လာပါ။
(၃) နောက်တစ်ခုမှတ်သားပါ။ Stylistic Transformationတွေသင်ရတယ်လေ။ အဲဒီ Grammar Pattern လေးတွေကိုလည်း အလျှဉ်းသင့်သလိုထည့်သုံးပေါ့။ အဲဒီလိုရေးခြင်းသည် အမှတ်ပိုရစေမှာအမှန်ပဲ။
ဥပမာ
All mothers love their children ရေးမယ့်အစားDouble Negative Pattern လေးသုံးပေါ့။
There is no mother who does not love her children.
If we try hard, we will succeed လို့ ရေးမယ့် အစား Parallel Structure လေးသုံးပြီး
The harder we try, the more we succeed. လို့ရေးပေါ့။
ဆက်လက်မျှဝေပါဦးမယ်ခင်ဗျာ...။
Yan Naing Soe Nyunt & Khin Sandar Win
Essay အခြေ ခံကျကျရေးတတ်စေမယ့် သင်တန်း
https://m.facebook.com/story.php?story_fbid=204367048825587&id=100077568789254
Cohesive Devices for Writing Essays
(တစ်ပုံချင်းစီ ရွှေ့ကြည့်ပါ)