Essay Structures

Structure of an Essay


Essay တစ်ပုဒ်မှာ အားလုံးသိတဲ့အတိုင်း အပိုင်း သုံးပိုင်းပါတယ်။ နိဒါန်း စာကိုယ် နိဂုံးပေါ့။ အဲ့ဒီထက် ပိုပြည့်ပြည့်စုံစုံ စနစ်တကျသိဖို့ကတော့ အောက်က အချက်လေးတွေကို ကြည့်ပါ။  အဲ့ဒီပုံစံလေး ဝင်အောင်ရေးပါ။

သေချာလေးမှာချင်တာတစ်ခုရှိပါတယ်။ Essay ရဲ့ နိဒါန်းမှာ Thesis Statement လို့ခေါ်တဲ့ Essay ရဲ့ ပင်မစာကြောင်းပါဖို့လိုပါတယ်။ Thesis Statement ရေးပုံ၊ Introduction ရေးပုံ စသည်ဖြင့် သူ့ဆိုင်ရာတွေကိုလည်း ဆက်လေ့လာ ပါ။ Essay ကောင်းတွေ ဖန်တီးတတ်လာပါလိမ့်မယ်။

 

Essay Structure မြင်ပြီဆိုရင်တော့ နမူနာ Essay တွေထဲကိုကြည့်ပါ။ Thesis Statement Hook Topic စတဲ့ စနစ်တကျ တင်ပြပုံနဲ့တင်ပြထားတာကို ဆက်လေ့လာပါ။ Thesis ကဘယ်ဝါကျ Hook က ဘယ်စာကြောင်း Topic Sentence တွေက ဘာတွေဆိုတာသိပါစေ။ essay တွေကို လိုက်လံဖတ်ရှုရင်း မိမိဘာသာ ထုတ်နှုတ်ကြည့်ပါ။

 

Thesis Statement (Essay ၏ ပင်မစာကြောင်း)

Essay ရေးတဲ့အခါ နိဒါန်းရဲ့ နောက်ဆုံးအကြောင်းမှာ Essay ရဲ့ အရေးကြီးဆုံးစာကြောင်း thesis statement ပါရတယ်။ အဲဒီ Thesis statement စာကြောင်းဟာ

*essay ရဲ့ လားရာကို ထိန်းပေးတယ်။

** ဒီစာကြောင်းဖတ်တာနဲ့ essay ရေးတဲ့ သူဟာ ဘာတင်ပြတော့မယ်ဆိုတာသိနိုင်တယ်။

*** essay ရဲ့ Body မှာ ပါဝင်မယ့် အကြောင်းအရာတွေရဲ့ အနှစ်လို့လည်း ပြောလို့ရပါတယ်။

**** သက်ေသပြလို့ရတဲ့ ဆက်ရှင်းပြလို့ရတဲ့ အဆိုတန်ဖိုးရှိ ဝါကျဖြစ်ရမယ်။

***** အရေးကြီးဆုံးအချက်က Thesis Statement ဟာ Essay ခေါင်းစဉ် နဲ့ ဆီလျှော်မှုရှိရမယ်။

အဲဒီ Thesis Statement စာကြောင်းဟာ

****** စာကိုယ်မှာရေးမယ့် topic sentence မဖြစ်ရဘူး။ (topic တွေအကုန်ခြုံမိစေမယ့် စာကြောင်းမျိုးသာဖြစ်ရမယ်။)

ဆက်ပြီးသက်သေပြစရာကို မလိုတော့တဲ့ Mg Mg is a student လိုစာကြောင်းလည်းမဖြစ်ရဘူး။

Thesis Statement မပါတဲ့ Essay ဟာ မောင်းသူမရှိတဲ့ ရွက်မပါတဲ့လှေလို မြောချင်ရာမြော ရောက်ချင်ရာရောက်ပြီး organization အတွက် အမှတ်မရနိုင်တာကို သေချာမှတ်သားစေလိုပါတယ်။ Idea map ဆွဲပြီးတာနဲ့ Thesis statement ကလေးရေး အကြမ်းမှာ ချရေးပါ။

Task

ဥပမာလေးတစ်ခုကြည့်ပါ။

 စာစီစာကုံးခေါင်းစဉ်က The pros and cons of keeping pets

အဲ့ခေါင်းစဉ်မှာ ရေးရမှာက အိမ်မွေးတိရစ္ဆာန်တွေမွေးခြင်းရဲ့ အကျိုးအပြစ်

ဒီတော့ အောက်က ဝါကျတွေမှာ ဘယ်ဟာ Thesis Statement ဖြစ်သင့်မသင့်စဉ်းစားကြည့်ပါ။

A. There are both advantages and advantages of keeping pets.

B. Keeping pets can make us happy.

 

Discussion

Thesis statement အဖြစ် Essay ရဲ့ နိဒါန်းနောက်ဆုံးအကြောင်းမှာပါသင့်တာ ဝါကျ A ပေါ.။ အဲ ဒီနေရာမှာ ဝါကျ B သွားရေးလို့မရဘူး။ ဝါကျ B ဟာ topic sentence မျှသာဖြစ်တယ်။ essay body မှာပါမယ့် အကြောင်းအရာတွေကိုလည်း မခြုံမိဘူး။ ခေါင်းစဉ်က ရေးစေချင်တာကိုလည်း အပြည့်အစုံမကိုက်ညီဘူး။

 

ဆက်လက်မျှဝေပါဦးမယ်ခင်ဗျာ...။



ပွင့်သောပန်းတိုင်း လန်းပါစေသား

မေတ္တာဖြင့်

ရန်နိုင်စိုးညွန့်


 

Essay အခြေ ခံကျကျရေးတတ်စေမယ့် သင်တန်း

https://m.facebook.com/story.php?story_fbid=204367048825587&id=100077568789254

-------

 

EduBurma ပညာရေး ရပ်ဝန်းကို

သင်ကြားရေးအတွေ့အကြုံ ၊ အရည်အချင်းသတ်မှတ် ချက်များနှင့်ပြည်စုံသော ဆရာဆရာမများ၊ နည်းပညာရှင်များ၊ ဘာသာဗေဒပညာရှင်များက ပူးပေါင်း အကောင်အထည်ဖော်ကြတာဖြစ်ပါတယ်။

 

EduBurma ရဲ့ရည်ရည်ချက်က ဆင်းရဲချမ်းသာမရွေး  မည်သူမဆို လက်လှမ်းမီနိုင်တဲ့  အင်တာနက်အခြေပြု သင်ကြားရေးဝန်ဆောင်မှုများပေးရန်ဖြစ်ပါတယ်။

 

ဆောင်ရွက်သွားမယ့် ပညာရေး ဆိုင်ရာ လုပ်ငန်းများက အောက်ပါလုပ်ငန်းများ ​ြဖစ်ပါတယ်။

 

1 သင်တန်းများ

ဘာသာစကား

ဆရာအတတ်ပညာ

Learning Management System ဆိုင်ရာ သင်တန်းများ သင့်တင့်မျှတသော နှုန်းထားဖြင့်ဖွင့်လှစ်ခြင်း

 

2 Seminarများ

ပညာရေး၊ ဘာသာစကားနဲ့ LMS ဆိုင်ရာ များမျှဝေရန် Seminar များ ကျင်းပ​ြခင်း

 

3 LMS ဆိုင်ရာလုပ်ငန်းများ

ပညာဒါန သင်တန်းကျောင်းများကို အခကြေးငွေ အလွန်သက်သာစွာဖြင့် Online Teaching and Learning နည်းပညာ နဲ့ Learning Management System များ ပံ့ပိုးပေးခြင်း။

 

မကြာမီမှာ တစ်ဆင့်ပြီးတစ်ဆင့် ပညာဖြန့်ဖြူးရေး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက် သွားတော့မှာမို့ လက်မလွတ်ရအောင် page လေးကို Follow လုပ်ထားကြပါဦးနော်။

 

Essay Writing Course

https://m.facebook.com/story.php?story_fbid=204367048825587&id=100077568789254