Hedging  ဆိုတာ

Academic English ဆိုင်ရာဆောင်းပါးများ ()

Hedging ဆိုတာ

ဒေါ်ခင်စန္ဒာဝင်း နှင့် ဦးရန်နိုင်စိုးညွန့်တို့ ပြုစုရေးသားပါသည်။

ဒီတစ်ပတ်တော့ တော့  Academic Writing မှာ အရေးပါတဲ့ Hedging အကြောင်းကို ဆွေးနွေးတင်ပြပါ့မယ်။

Academic Writing မှာ  အယူအဆ၊ အချက်အလက်တွေ ကို တင်ပြဆွေး‌‌နွေးတဲ့အခါ ကိုယ်ပြောတာသာ ဘာဖြစ်ဖြစ် အမှန်ပါ ဆို ပြီး တရားလက်လွတ် မရေးကြဘူး။  “နှိုင်းနှိုင်းချိန်ချိန် သုခမိန်” ဆိုသလိုပဲ ချင့်ချိန် ရေးသားတင်ပြကြတယ်။ ဒါကို Academic Hedging ပညာရပ်အရေးအသားဆိုင်ရာ ချင့်ချိန် ရေးသားခြင်းလို့ ခေါ်ပါတယ်။

ဥပမာ

ဤချဉ်းကပ်ပုံနည်းလမ်းက ပြဿနာကို ပြေလည်စေသည်။

မှန်မှန်ကန်ကန် အသုံးချလျင် ဤချဉ်းကပ်ပုံနည်းလမ်းက ပြဿနာကို ပြေလည်စေနိုင်ပေသသည်။ 

 

 Hedging က ဘာလို့ အရေးကြီးသလဲ

မြင်သာတဲ့ ဥပမာ ပထမဆုံးကိုတော့ IELTS Academic Essay တွေမှာ persuasiveness လက်ခံအောင် ပြောနိုင်စွမ်းကို ပြရာရောက်တယ်။ ဆင်ခြင်သုံသပ်မှု အားကောင်းတာကို ပြပေးနိုင်တာကိုး။

ဒါပေမယ့် Hedging ဆိုတာ Essay အတွက် တစ်ခုတည်း အတွက် မဟုတ်ဘူး သုတေသန စာတမ်းတွေ ရေးသားရာ၊ ပညာရပ်ဆိုင်ရာ တင်သွင်းရတဲ့ စာတမ်း၊ အိမ်စာ စတာ တွေမှာ  Hedging က မပါမဖြစ်ပါလေ့ရှိတယ်။ နှိုင်းနှိုင်းချိန်ချိန်ရေးသားမှုနဲ့  သူတစ်ပါးလက်ခံ အောင် လည်း တင်ပြနိုင်ခြင်းဟာ ပညာရပ်နယ်ပယ်မှာ ကျင်လည်တဲ့ သူ၊ လေ့လာအားကောင်းသူတွေ ရဲ့ အလေ့အထဖြစ်တယ်။  Professional ဆန်တယ်။ ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံက တွေးခေါ်ကြံဆတတ်ခြင်းရဲ့ လက္ခဏာဖြစ်တယ်။ ဝါရင့် စာရေးဆရာ ကြီး တစ်ဥိးက လူငယ် စာရေးဆရာ တစ်ယာက်ကို ပြောတယ်။ “ကလောင်မရမ်းဖို့ သတိထားနော် ဆရာ”တဲ့။ ဒါဟာလည်း Hedging လိုနေတဲ့ လူငယ်စာရေးဆရာလေးကို ဝါရင့် ဆရာကြီးက လိုတို ရှင်းဆုံးမတာပဲပေါ့။

 

Hedging အသုံးပြုပုံ

Academic Writing မှာ  အောက်ပါ Hedging Language ‌တွေကို သုံးလေ့ရှိကြတယ်။ အ‌သေးစိတ် မဆွေးနွေးမီ တစ်ခုတင်ပြလိုတာက Essay ရေးရေး၊ စာတမ်းရေးရေး မိမိရေးသားတဲ့ အကြောင်းအရာ ပိုင်းဆိုင်ရာကို နှံ့စပ်စွာ လေ့လာ ဖတ်ရှုထားမှု Hedging လုပ်ရတာ အဓိပ္ပါယ် ရှိမယ် ဆိုတဲ့ အချက်ပါ။ အခုတော့ Hedging ကို စတင်လေ့လာကြပါဆို့။ ရှင်းလင်းမြင်သာ လွယ်တဲ့ နေရာမှာတော့ မြန်မာ လို မပြန်တော့ ဘူးနော်။

1. Modal Verbs တွေ သုံးတာ  (could, might, may)


2.  ဖြစ်နိုင်ချေကို ပြတဲ့ Adverbs တွေ သုံး  (possibly, potentially, essentially)


3. တရားသေပြောတာ မဟုတ်ပဲ ဖြစ်နိုင်ချေ ကို ပြတဲ့ ကြိယာတွေ သုံး (suggest, indicate, seem)


4. Conditional Forms ကို သုံးပြီး အခြေအနေတစ်ရပ် မှာမှ ဖြစ်နိုင်တာမျိုး ပြော


5. အကြိမ်နှုန်း သို့မဟုတ် ဖြစ်တန်စွမ်း ကို ပြတဲ့ Adverbs တွေ Adverbial Phrases တွေ (often, generally, in many cases)


6. Comparative Forms ကို သုံးကာ နှိုင်းယှဥ်ပြော  (more, less, as...as)


7. Other phrases or clauses  အခြားသော၊စကားစု ဝါကျပိုင်းများ ကို သုံး

  It is possible that/ It is unlikely that/ It appears that/ It seems that + Subject Verb


 

ဒီလောက်ဆို Academic Hedging အကြောင် သိသင့်သလောက် သိပြီထင်ပါတယ်။ နောင်လည်း Academic Writing ဆိုင်ရာတွေကို EduBurma ကနေ ဆက်လက် ဆွေးနွေး တင်ဆက်ပါ့မယ်။