English Vlog Competition
မိမိဒေသရဲ့ အလှတရားနဲ့ စိတ်ဝင်စားဖွယ်ရာတွေကို English လို ပြောပြရင်း ဆုငွေတွေ ရယူနိုင်မယ့် အခွင့်အရေးကြီး လာပါပြီ!
ဆုကြေးများ (Prizes)
Winner - 150,000 MMK and Certificate
1st Winner - 100,000 MMK and Certificate
2nd Winner - 75,000 MMK and Certificate
ပါဝင်ယှဉ်ပြိုင်သူတိုင်းအတွက် အထူးလက်ဆောင်များ
Canva Pro Edu
ပထမလအတွက် သင်တန်းကြေး ၁၀% သက်သာခွင့်
ပြိုင်ပွဲဝင်ရန် စည်းကမ်းချက်များ
၁။ Vlog ဗီဒီယို ကြာချိန်မှာ (၁) မိနစ်စာ ဖြစ်ရပါမည်။
၂။ မိမိနေထိုင်ရာ ဒေသ၏ အကြောင်းအရာ၊ အလှတရားနှင့် ဓလေ့စရိုက်များကို မိမိစိတ်ကူးရှိသလို လွတ်လပ်စွာ ဖန်တီးတင်ဆက်နိုင်ပါသည်။
၃။ ပြိုင်ပွဲဝင်များသည် မိမိတို့၏ Vlog များကို အင်္ဂလိပ်ဘာသာစကားဖြင့်သာ ပြောဆိုတင်ဆက်ရမည်ဖြစ်ပါသည်။
အမှတ်ပေးစည်းမျဉ်း (Scoring System)
EduBurma Page တွင် တင်ပေးထားသော မိမိ၏ မူရင်း Vlog တွင် ရရှိသည့် Like အပေါ် မူတည်၍ ဆုံးဖြတ်မည်ဖြစ်သည်။
Vlog နောက်ဆုံးပေးပို့ရမည့်ရက် (Deadline): 20 September 2026 (ည ၉:၀၀ နာရီ တိတိ)
(Winner Announcement): 27 September 2026
(မှတ်ချက် - စက်တင်ဘာ ၂၀ ရက်နေ့ ည ၉ နာရီနောက်ပိုင်းမှ ပေးပို့လာသော ဗီဒီယိုများကို ပြိုင်ပွဲဝင်အဖြစ် ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။)
အထူးသတိပြုရန်:
ပြိုင်ပွဲနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက EduBurma နှင့် EFL Site တို့၏ အဆုံးအဖြတ်သည်သာလျှင် နောက်ဆုံးအတည်ဖြစ်ပါသည်။
ပါဝင်ရန်
Page အား Like & Follow လုပ်ပါ။
ယခု Post အား Public ဖြင့် Share ပါ။
အောက်ပါ Registration form အားဖြည့်ပါ။
Registration form Link-
https://forms.cloud.microsoft/r/k3PraP3n4A?origin=lprLink
Video ပေးပို့ရန် Telegram အကောင့် >>> @eduburmaacademy
ကဲ... ကိုယ့်ဒေသရဲ့ အကြောင်းကို လူတွေသိအောင် ပြောပြရင်း ဆုတွေဆွတ်ခူးဖို့ အခုပဲ ကင်မရာလေးကိုင်ပြီး ပြင်ဆင်လိုက်ကြရအောင်!
09-779 884 490
09- 757 233 595
#eduburma See less
အင်္ဂလိပ်စာ အရေး အခြေခံအားနည်းသူများအတွက် အထူးဖိတ်ခေါ်ခြင်း — Writing Curriculum Free Pilot Class (Online)
ခေါင်းထဲမှာ Idea တွေ ရှိပေမယ့် စာအဖြစ် ချရေးဖို့ ခက်နေပါသလား။
Grammar တော့ သိတယ်၊ Paragraph နဲ့ Essay အဖြစ် ဘယ်လို ဆက်စပ်ရမလဲ ဝေခွဲမရ ဖြစ်နေပါသလား။ (အခမဲ့ Pilot class)
အင်္ဂလိပ်စာ ရေးသားရာမှာ အမှန်တကယ် အခက်အခဲရှိနေပြီး စနစ်တကျ အခြေခံကနေ စတင် လေ့ကျင့်ချင်သူများအတွက် Writing Curriculum Pilot Class သီးသန့် အတန်းငယ် ဖွင့်လှစ်ဖိတ်ခေါ်လိုက်ပါတယ်။
ဒီအစီအစဉ်ဟာ သင်ရိုးအသစ်ကို လက်တွေ့စမ်းသပ်မွမ်းမံရန်အတွက် သီးသန့် အစီအစဉ်အဖြစ် ပြုလုပ်တာဖြစ်ပြီး အင်္ဂလိပ်စာ အရေး အားနည်းနေသူများကိုသာ ဦးစားပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ဒီ Pilot Class ဟာ ဘယ်သူတွေအတွက် သီးသန့် ဖြစ်မလဲ?
-Sentence တစ်ကြောင်းချင်းစီ ရေးတတ်ပေမယ့် Idea တွေကို ချိတ်ဆက်ပြီး Paragraph မဖွဲ့တတ်သူများ
-Essay ရေးတဲ့အခါ ဘယ်နေရာကနေ ဘယ်လို အစပျိုးရမလဲ မသိသူများ
-Grammar အမှားများမှာ ကြောက်ပြီး စာစရေးဖို့ တွန့်ဆုတ်နေသူများ
-Essay Level 1 & Level 2 အဆင့် အခြေခံ Framework ကို ပိုင်ပိုင်နိုင်နိုင် တည်ဆောက်လိုသူများ
အရေးကြီးသော အသိပေးချက် - ဤအတန်းသည် အခြေခံ လိုအပ်ချက်ရှိသူများအတွက် သင်ရိုး၏ ထိရောက်မှုကို စမ်းသပ်မည့် အတန်းဖြစ်သောကြောင့် Advanced / Language Proficiency မြင့်မားပြီးသား ကျောင်းသားများကို ရွေးချယ်မည် မဟုတ်ပါ။ မိမိကိုယ်ကို စာရေးသားရာမှာ အားနည်းနေသေးသည်ဟု ခံစားရသူများသာ ယုံကြည်စိတ်ချစွာ လျှောက်ထားနိုင်ပါသည်။
Pilot Class တွင် ပါဝင်ခြင်းဖြင့် ရရှိမည့် အခွင့်အလမ်းများ
-Essay ရေးသားနည်း အခြေခံ Framework နှင့် Structure ကို စနစ်တကျ လေ့ကျင့်ခွင့်
-သင်ရိုးရေးဆွဲသူနှင့် တိုက်ရိုက် ဆွေးနွေးပြီး အပြန်အလှန် လေ့ကျင့်နိုင်မည့် အခွင့်အရေး
-မိမိ၏ အရေးအသား အားနည်းချက်များအပေါ် တိုက်ရိုက် Feedback ရရှိမည့် အစီအစဉ်
အတန်း အသေးစိတ် အချက်အလက်
Class Track: Essay Writing (Level 1 & Level 2)
Platform: Online (Microsoft Teams)
Class Size: 10 students Class Time: 22, 23, 29, 30 (Sat & Sun) 1pm - 2:30 pm
လျှောက်ထားရန် နည်းလမ်း
အောက်ပါ Registration Form တွင် ပါဝင်သော Short Diagnostic Questions များကို ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာ ပိတ်မည့်ရက်: 17. August. 2026 (5pm MMtime)
(မှတ်ချက် - တင်သွင်းလာသော Short Writing အပေါ် မူတည်၍ Target Profile နှင့် အကိုက်ညီဆုံးသူများကိုသာ ရွေးချယ် အကြောင်းပြန်ပေးပါမည်။)
Essay Curriculum အသစ် စမ်းသပ်သင်ကြားရေး Pilot Class အတွက် သင်တန်းသားများ ဖိတ်ခေါ်ခြင်း
EFLsite မှ အသစ်ရေးဆွဲလိုက်သော Writing Curriculum ကို စာတွေ့၊ လက်တွေ့ စမ်းသပ်သင်ကြားမည့် Pilot Class တွင် ပါဝင်တက်ရောက်ရန် စာရေးသားမှုစွမ်းရည် တိုးတက်လိုသူ သင်တန်းသား/သူများကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
ဤ Pilot Class တွင် EFLsite ၏ အဓိက Writing Course များဖြစ်ကြသော -
Essay Writing
Letter Writing
Academic Writing
စသည့် သင်ရိုးညွှန်းတမ်းများမှ နမူနာ Selected Modules များကို အခမဲ့ လေ့လာခွင့်ရရှိမည်ဖြစ်ပါသည်။ Curriculum အသစ်၏ ထိရောက်မှုကို စမ်းသပ်သည့် Class ဖြစ်သည့်အတွက် သင်တန်းသားများထံမှ တန်ဖိုးရှိသော Feedback များ ပြန်လည်ရူယူသွားမည် ဖြစ်ပါသည်။
Pilot Class တွင် ပါဝင်တက်ရောက်သူများ ရရှိမည့် အထူးအခွင့်အရေးများ.
အခမဲ့ တက်ရောက်ခွင့် – သင်ရိုးသစ်၏ Module ကောင်းများကို ကုန်ကျစရိတ် လုံးဝမရှိဘဲ အခမဲ့ သင်ယူခွင့်ရရှိမည်။
Special Discount (30% Off) – သင်တန်းပြီးဆုံးပါက နောက်ပိုင်းဖွင့်လှစ်မည့် Full Courses များကို 30% Special Discount ဖြင့် တက်ရောက်နိုင်မည်။
Data Allowance Support – သင်တန်းတက်ရောက်စဉ် အွန်လိုင်းမှ အဆင်ပြေချောမွေ့စွာ သင်ယူနိုင်ရေးအတွက် Data Allowance ထောက်ပံ့ပေးသွားမည်။
သင်တန်းအသေးစိတ်
သင်တန်းကြေး: လုံးဝ အခမဲ့ (Free)
သင်တန်းပုံစံ: Online Class (Microsoft Teams)
ရက်: ၂၂ ၊ ၂၃ ၊ ၂၉ ၊ ၃၀ ဩဂုတ်လ ၂၀၂၆ ခုနစ် (Sat&Sun)
အချိန်: မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ - ၁၁ နာရီ ၃၀ မိနစ်
စနစ်ကျပြီး ထိရောက်သည့် Writing Skill ကို အခြေခံမှစ၍ အခမဲ့ ဆည်းပူးရင်း အခြား အခွင့်အရေးများစွာပါ ရရှိမည့် ဤ Pilot Class တွင် ပါဝင်ချင်သူများအနေဖြင့် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ (လူဦးရေ ကန့်သတ်ထားပါသည်။)
တက်ရောက်လိုပါက: မိမိ၏ အမည် ၊ အသက် ၊ ပညာအရည်အချင်း နှင့် ဖုန်းနံပါတ်ကို Page Messenger မှတဆင့် ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။
#EFLsite #EduBurma #WritingCourse #EssayWriting #AcademicWriting #PilotClass #FreeOnlineCourse #LearnEnglish
Exclusive 3-day Educators' Masterclass ကို ဦးဆောင်ဆွေးနွေးပေးမည့် Speakers များနှင့် မိတ်ဆက်ပေးခြင်း
မင်္ဂလာပါ ဆရာ၊ ဆရာမတို့ရေ...
ကျွန်တော်တို့ EFL Site ရဲ့ (၃) ရက်တာ Live Masterclass ကြီးမှာ ဆရာတို့၊ ဆရာမတို့အတွက် လက်တွေ့စာသင်ခန်းထဲမှာရော၊ မိမိကိုယ်ပိုင်ဘဝမှာပါ တကယ့်ကို တန်ဖိုးရှိပြီး အသုံးချလို့ရမယ့် ဗဟုသုတတွေကို ဝေမျှပေးဖို့ စာပေလောကနဲ့ ပညာရေးလောက မှ ပညာရှင် ဆရာကြီး၊ ဆရာမကြီး (၃) ဦးက ဦးဆောင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
Speaker တစ်ဦးချင်းစီရဲ့ အသေးစိတ် Profile, Degree များနဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အဆိုအမိန့် (Quotes) လေးတွေကို အောက်ပါ Graphic ပုံလေးများတွင် တစ်ပုံချင်းစီ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
(၃) ရက်တာ Live သင်တန်းနဲ့ ဆွေးနွေးပေးမည့် ဆရာကြီး၊ ဆရာမကြီးများ -
Day 1 (24 June 2026): Ed-Tech for Teachers
Speaker: U Yan Naing Soe Nyunt (Educator and Ed-Tech Specialist)
Qualifications: B.A (English), Diploma in ELT (Yangon University), M.A (English) (Yangon University)
(ခေတ်ပြိုင်ပညာရေးနှင့် နည်းပညာကို လက်တွေ့ကျကျ ပေါင်းစပ်မျှဝေပေးမည့် ပညာရှင်)
Day 2 (25 June 2026): Educators' Burnout and Well-being: Challenges, Causes, and Solutions
Speaker: Dr. Than Than Maw (Psychology)
Qualifications: B.A (Hons.), M.A., M.Res., and Ph.D Psychology (University of Mandalay)
(ဆရာ၊ ဆရာမတို့၏ စိတ်ပိုင်းဆိုင်ရာ ရှင်သန်ကြံ့ခိုင်မှုနှင့် ကလေးတို့၏စိတ်ကမ္ဘာကို လမ်းညွှန်ပေးမည့် စိတ်ပညာရှင်)
Day 3 (26 June 2026):
The Composition Blueprint: A Comprehensive Pedagogical Framework for Teaching Writing
Speaker: Dr. Wai Wai Nyunt (Retired Pro-rector and Former Professor of English Department)
(ဆယ်စုနှစ်ပေါင်းများစွာ ဆရာ၊ ဆရာမများကို ပြုစုပျိုးထောင်ပေးခဲ့သည့် ဝါရင့်အင်္ဂလိပ်စာပညာရှင်ကြီး)
ဒီလိုမျိုး အရည်အချင်းရော အတွေ့အကြုံပါ ရင့်ကျက်လှတဲ့ ပညာရှင်ကြီးတွေဆီကနေ (၃) ရက်တိုင်တိုင် တိုက်ရိုက် Live လေ့လာခွင့်ရမှာမို့ ဆရာတို့အတွက် လုံးဝလက်လွတ်မခံသင့်တဲ့ အခွင့်အရေးပါပဲနော်။
အချိန်: ညပိုင်း ၇:၀၀ မှ ၈:၃၀ ထိ (၃ ရက်လုံး)
Exclusive Gift: (၃) ရက်လုံး အပြည့်အဝ တက်ရောက်သူများအတွက် Essential Course for Caregivers and Educators (Free Course) နှင့်အတူ Professional Certificate ပါ တစ်ပါတည်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
လူဦးရေကန့်သတ်ချက်ရှိလို့ အခုပဲ Register ပြုလုပ်ပြီး လက်ဦးမှုရယူလိုက်ပါ
Form ပိတ်ရက်: 19.6.2026
(Form ပိတ်ရက်မတိုင်ခင်လာရောက်လျှောက်ထားသော လျှောက်လွှာများကိုသာ လက်ခံပါမည်။)
EFL Site နဲ့ EduBurma တို့ ပူးပေါင်းပြီး လူငယ်များအတွက် အထူးရည်ရွယ်ထားတဲ့ "Beyond Success: A Youth Roadmap To Flourishing" Event လေးကို လာမယ့် July 19th မှာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။
Event ရဲ့ အဓိက ဆွေးနွေးမည့် အကြောင်းအရာများ
ဒီ Event လေးမှာ လူငယ်တွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ၊ Mental Health နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာများနှင့် အခက်အခဲများကို ဘယ်လိုတွန်းလှန် ကျော်ဖြတ်ရမလဲဆိုတာတွေကို Dr. Than Than Maw (စိတ်ပညာ) မှ အသေးစိတ် မျှဝေဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
Ed-Tech နှင့် လူငယ်တို့ရဲ့ အနာဂတ်
ဒါ့အပြင် EFL Site အနေဖြင့် နောင်အနာဂတ်တွင် လူငယ်များရဲ့ တီထွင်ဆန်းသစ်နိုင်စွမ်းများနဲ့အတူ Ed-Tech အပိုင်းကိုပါ ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ထားပါတယ်။။ လူငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်နှင့် ထူးခြားသော အခွင့်အလမ်းများကို ဖန်တီးလမ်းပြပေးနိုင်ရန် EFL Site က အမြဲ အတူရှိနေပါမယ်နော်။
စာရင်းပေးသွင်းရန်
လူငယ့်ခေါင်းဆောင်များ ဆုံတွေ့ကြမည့် အခွင့်အရေးဖြစ်တာကြောင့်...
ဒီ Post လေးကို မိမိတို့ Personal Account မှာ Public နဲ့ Share ပြီး၊ ရရှိလာတဲ့ Screenshot ကို Page Chat box သို့ ပေးပို့ကာ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
#psychology